Unicode...
Jm-"hyung ရဲ့အပြုံးတွေကိုကျွန်တော်တစ်ယောက်တည်းပဲ့ပိုင်ဆိုင်ပါရစေနော်..."
ကောင်လေး ရဲ့ပဟေဠိဆန်လှသည့် မျက်ဝန်းအိမ်လေးကို Yg မက်မက်မောမော စိုက်ကြည့်နေမိသည်။ ကောင်လေးရဲ့မြန်ဆန်လှသည့် နုလုံးသားခုန်သံတို့ကို Yg နားမှကျယ်ကျယ်လောင်လောင် ကြားနေရသည်...။ ကောင်လေးရဲ့မျက်နှာပေါ်မှ မသိမသာ ဆူထွက်နေသည့် နှုတ်ခမ်းလုံးလုံးဆီ အကြည့်ရောက်မိတော့လည်း Yg စိတ်တို့ကို အတတ်နိုင်ဆုံး ထိန်းချုပ်နေရပြန်သည်...။
ဖြစ်ဘူး...။မဖြစ်ဘူး...။ ငါ...အဲလိုလုပ်လိုက်လို့မဖြစ်ဘူး...။
Yg Jmဆီမှ အဝေးဆုံးသို့ ပြေးထွက်လာခဲ့သည်...။ ထိုအခြေအနေအတိုင်းသာဆိုလျှင် Yg စိတ်တို့ ဆက်ထိန်းချုပ်နိုင်တော့မှာမဟုတ်...။ အကယ်၍များ စိတ်အလျင်၏လိုလားမူနောက်ကိုသာ Yg လိုက်ခဲ့မိရင် ကောင်လေး သူ့ကို ရွံမုန်းသွားမှာအသေအချာပင်ဖြစ်သည်...။
ထို့အတူ ကောင်လေးကိုလည်း Yg ထပ်ချစ်မိရန် မသင့်တော့ပါ...။ ထိုလူသားငယ်အား Yg မုန်းပစ်လိုက်ချင်မိသည်...။ သို့သော် မမုန်းရက်နိုင်လောက်အောင် ကောင်ငယ်လေးက ကလေးတစ်ယောက်လို အပြစ်ကင်းစင်လွန်းသည်...။ မဖြစ်နိုင်သည့် လူသားကောင်လေးတစ်ယောက်ကို ချစ်ရသည်က နာကျင်လွန်းလှသည်...။ သို့သော် ထိုနာကျင်မူကိုပင် Yg မိုက်မဲစွာ မြတ်နိုးနေမိပြီဖြစ်သည်...။
ကောင်လေးနဲ့ပတ်သက်တဲ့ ကျွန်တော့်မှတ်ဉာဏ်အားလုံးကို ဖျက်ဆီးပစ်လိုက်ရင်ရော ကျွန်တော် ထပ်ပြီးနာကျင်နေရအုံးမှာလား...။ ဟာ...ဗျာ...။ ကျွန်တော်ဘက်က ဘာပဲ့ဖြစ်နေဖြစ်နေ ကောင်လေးအတွက်တော့ ကျွန်တော်က သတ္တဝါဆိုးကြီးတစ်ကောင်ပဲ့ဖြစ်မှာပါ...။
VOUS LISEZ
The Black Heart Of Vampire (Unicode&Zawgyi)
Fanfictionတိမ်တွေရဲ့ အနောက်ဘက်တစ်နေရာမှာ မိုးကုတ်စက်ဝိုင်းကြီး ရှိပါသလား...။ ရှိတယ်မလား...။ အကယ်၍ မရှိခဲ့ရင်တောင် ရှိတယ်လို့ မုသားပြောပေးကြပါ...။ ကျွန်တော်ဟာ မိုးကုတ်စက်ဝိုင်းကြီးဆီကို အရောက်သွားနေတဲ့ ညိုနက်ရောင် မိုးသားတိမ်လေးမို့ပါ...။ တိမ်တွေရဲ့ အနောက...