Chapter - 5

973 145 10
                                    

Unicode...

Yg-"ငါ့နှုတ်ခမ်းကသွေးတွေကိုစုပ်မှာလား....
မင်းရဲ့လည်ပင်းကသွေးတွေကိုငါစုပ်ရမလား..."

Jm-"ဟင့်......ဟင့်အင်း......"

Yg-"ဟမ်...မင်းတော်တော်ကြောက်တတ်တာပဲ့...."

Yg Jm ခေါင်းလေးကိုတစ်ချက်ပုတ်လိုက်ပြီးအရိပ်လိုဖြတ်ကနဲ့ပျောက်သွားပြန်သည်။
Jm မှာအခန်းထဲတစ်ယောက်တည်းကြောင်ကျန်နေရင်းကြောက်စိတ်တို့ကမကုန်သေး..။
Yg အခန်းအတွင်းမရှိတော့ဘူးဆိုတာပြန်သတိဝင်တော့မှသာJm အသက်ဝ ဝရှုရတော့သည်...။

နှုတ်ခမ်းမှာ​ပေကျန်ခဲ့သောYg ရဲ့သွေးတွေကိုလက်နဲ့ဖွဖွလေးသုတ်ကြည့်မိတော့နှုတ်ခမ်းကအရင်လိုနာကျင်မူကိုမခံစားရတော့တာကြောင့်Jm ဘေစင်ကမှန်ဆီအ​မြန်ပြေးကြည့်ရတော့သည်...။

Jm နှုတ်ခမ်းပေါ်ကသွေးတွေအားလုံးကိုသုတ်ကြည့်တော့သူ့နှုတ်ခမ်းကအမာရွတ်တောင်မရှိနဂိုမူလနှုတ်ခမ်းဖူးဖူးလေးအဖြစ်ပြန်ကောင်းနေသည်...။ထူးခြားသည်ကားJm နှုတ်ခမ်းလေးမှာနှုတ်ခမ်းနီဆိုးထားသည်ဟုထင်ရလောက်အောင်ပိုနီရဲလာသည်ပင်...။

Jm မှန်ထဲကြည့်ပြီးအနာကောင်းသွားတဲ့နှုတ်ခမ်းသားထူထူ​လေးတွေတွေလက်ဖြင့်ပွတ်သပ်ရင်း....။

Jm-"hyung..ရဲ့သွေးတွေကိုကြိုက်လိုက်တာ..."

<><><><><><><><><><><><>

Yg အိမ်ရောက်သည်နှင့် red juice အရင်ပြေးသောက်တော့တရေးနိုးလို့ရေထသောက်နေတဲ့Jk တောင်လန့်သွားဟန်...။

Jk-"hyung ရယ်ဖြည်းဖြည်းပေါ့...ဘယ်လိုလဲ...Jm ကောင်းသွားပြီလား..."

တကယ်တော့Jm အနာကောင်းအောင်သွားကုပေးဖို့Jk ကYg ကိုတိုက်တွန်းလိုက်ခြင်းပင်။

Yg-"အင်း...Jk... ငါနုလုံးကပူလာသလိုပဲ့"

Jk-"hyung မျက်လုံးတွေပန်းရောင်ပြောင်းနေတယ်..."

Yg-"တကယ်လား..."

Jk-"အင်း...hyung Jm ကိုချစ်မိနေပြီထင်တယ်နော်..."

Jk အနားကပ်လာပြီးခပ်တိုးတိုးလာပြောတဲ့စကားကြောင့်Yg မျက်ခုံးတစ်ချက်တွန့်လိုက်သည်...။မျက်လုံးပန်းရောင်ပြောင်းနေခြင်းကားတစ်စုံတစ်ယောက်ကိုချစ်တယ်ဆိုတဲ့အဓိပ္ပါယ်မှန်းYg သိသည်...။ထိုတစ်စုံတစ်ယောက်ဆိုသူကားJm ဖြစ်သည်ကိုလည်းYg သိခဲ့သည်...။သို့သော်လည်းလူသားတစ်ယောက်ကိုYg ချစ်ရမှာစိုးလွန်းသည်...။
Yg Jm ကိုချစ်မိတဲ့အချစ်တွေကိုမေ့ဖျောက်ရမည်တကား...။

The Black Heart Of Vampire (Unicode&Zawgyi)Hikayelerin yaşadığı yer. Şimdi keşfedin