Unicode>>>
ရင်ဘတ်ထဲက ကမ္ဘာကြီး ပြိုလဲ ပစ်ကျသွားတယ်...။ 'ပြန်ချစ်လာမှာပါ' ဆိုတဲ့စိတ်က ကိုယ့်နုလုံးသားကိုကိုယ် ပြန်သတ်တယ်...။ တင်းထားသမျှအားတွေ စုပုံပြိုဆင်းကြလာတယ်...။ ရင်ဘတ်ထဲက နာကျင်မူက နှုတ်ခမ်းပေါ်က နာကျင်မူထက် အဆမတန် ပိုနာကျင်ရတယ်...။
ခန္ဓာကိုယ်ရော ၊ စိတ်ရော ၊ နုလုံးသားရော
သေလုမတတ် ပင်ပန်းနွမ်းနွယ်မူကို ခံစားနေရတယ်...။ အဆုံးမဲ့တဲ့ အမုန်းဝဲဂယက်ကြီးထဲမှာ ကျွန်တော် လက်လျော့ သင့်ပြီလား...။
ကျွန်တော် အရမ်းပင်ပန်းနေပြီ...။Yoongi ရဲ့ဦးဆောင်မူတိုင်းကို မဆန့်ကျင်ဘဲ ပြုသမျှ နုနေသော ရင်ခွင်ထဲမှ လူသားငယ်...။ နမ်းရှိုက်နေမိသော နှုတ်ခမ်းလုံးလုံးလေးဟာ Yoongi ဆီက လွတ်လွတ် ထွက်လာသည်...။ ပွေ့ဖက်ထားမိသော ခါးသိမ့်သိမ့်လေးဟာလည်း ယိုင်နဲ့နဲ့...။
နှုတ်ခမ်းဖူးဖူးလေးဆီမှ ဆုတ်ခွာမိသည့်အချိန်အထိ နှုတ်ခမ်းသားတွေကို ငွေမှင်ရောင်ကြိုးတန်းက ဆက်သွယ်ထားဆဲ...။ ကောင်လေး၏ ခန္ဓာကိုယ်က Yoongi ကိုယ်ပေါ်သို့ ပြိုလဲကျလာသည်...။ ကောင်လေး မျက်နှာတစ်ခုလုံးသည်လည်း အရည်ကြည်ကြည်တွေ ရွဲလို့...။ မျက်တောင်တိုစိပ်စိပ်လေး၌ ပုလဲလုံးလေးများ ခိုသီ၍နေသည်...။ နှုတ်ခမ်းဖူးဖူးလေးသည်လည်း သွေးစတွေနဲ့ စုတ်ပြတ်နေပြီ...။
ဘာလို့များ ငါ့အပေါ် အဲလောက်တောင် ချစ်ပစ်လိုက်ရသလဲကွယ်...။ ငါဟာ လူသားမဟုတ်တဲ့ စုန်းကဝေ vampire တစ်ကောင်ဆိုတာကိုရော ထိုလူသားငယ်လေးက သိမှသိရဲ့လား...။
ရင်ဘတ်ပေါ်က ကောင်ငယ်လေးအား Yoongi ငုံကြည်မိသည်...။ သူအမြဲတစေသတိထားမိနေသော ပါးမို့မို့လေးဟာ အခုကျမှ ပိုဖောင်းနေသလို...။ Yg ထိတွေ့ချင်လာသည်...။
ပန်းနုရောင် ပါးပြင်ပေါ်ကို Yoongi လက်ညိုးဖြင့် တို့ထိမိ၏ ။ နစ်မြုပ်ဝင်သွားသော သူ၏ လက်ချောင်းများ...။ ဝါဂွမ်းကဲ့သို့ နူးညံအိမွတ်နေသော ပါးပြင်...။ Yoongi ထပ်ခါထပ်ခါ အကြိမ်ကြိမ် ထိတို့နေတော့သည်...။
လူသားယောက်ျားလေးတစ်ယောက်ရဲ့ ပါးပြင်ဟာ နူးညံလွန်းပါဘိ...။

ESTÁS LEYENDO
The Black Heart Of Vampire (Unicode&Zawgyi)
Fanficတိမ်တွေရဲ့ အနောက်ဘက်တစ်နေရာမှာ မိုးကုတ်စက်ဝိုင်းကြီး ရှိပါသလား...။ ရှိတယ်မလား...။ အကယ်၍ မရှိခဲ့ရင်တောင် ရှိတယ်လို့ မုသားပြောပေးကြပါ...။ ကျွန်တော်ဟာ မိုးကုတ်စက်ဝိုင်းကြီးဆီကို အရောက်သွားနေတဲ့ ညိုနက်ရောင် မိုးသားတိမ်လေးမို့ပါ...။ တိမ်တွေရဲ့ အနောက...