Vacuum (Arc 1)

7.1K 693 41
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

ရှောင်းကျန့်နားထဲတွင်နားကြပ်တစ်ခုတပ်ကာဖုန်းသုံးရင်းလမ်းလျှောက်နေလေတယ်။

တည်ငြိမ်ချောမောလှတဲ့မျက်နှာ၊ ဝောာက်ပတဲ့မျက်ဝန်းအစုံတို့ကဖုန်းကိုအာရုံစူးစိုက်ပြီးကြည့်နေတာက ဘေးကသူတွေကိုလည်ပြန်ကြည့်သွားအောင်စွမ်းဆောင်နိုင်လေသည်။

ပြီး‌တော့ တစ်ချက်တစ်ချက်ပြုံးလိုက်တိုင်းသိသာလာတဲ့ နှုတ်ခမ်းအောက်ကမှဲ့နက်လေး...။

အများအမြင်မှာသာတည်ငြိမ်နေပေမဲ့ တကယ်တော့ရှောင်းကျန့်အတွင်းစိတ်ထဲမှာကမ္ဘာပျက်နေတာပါ။

'ဘယ်နှယ့်ကွာ။ ဇာတ်ကွက်တွေကချာ၊ အကောင်းစားတွေဆိုဇာတ်လိုက်နဲ့ ဇာတ်လိုက်မကပဲရ၊ ဘယ်လောက်‌ပဲတော်တဲ့ဇာတ်ကောင်ပဲဖြစ်နေပစေ ဇာတ်လိုက်ရှေ့ကျတော့ cannon folder ဖြစ်သွားရော၊ အစုတ်အပြတ်ဝတ္ထုကြီး! ငါသာရေးရင် ဒီထက်အဆတစ်ရာသာအောင်ရေးနိုင်တယ်!'

သူအခု ဖတ်နေတာကတော့ *နတ်ပြည်သို့အလည်တစ်ခေါက်* ဆိုတဲ့ fic ကို wattpad မှဖတ်နေခြင်းဖြစ်သည်။ ပြီးနောက်မှာတော့ နှစ်ပြားမတန်အောင်ကိုဝေဖန်နေတာပေါ့။

ဟုတ်ကဲ့ ဒီလောက်တောင်ဝေဖန်ပြီး ဘာလို့သည်းခံပြီးဆက်ဖတ်နေလဲ သိချင်ကြပါသလား။

ဒါပေါ့ ဟိုလိုဒီလို အခန်းတွေကဖောဖောသီသီပါတယ်လေ။

အဲ့လိုနဲ့ အဲ့ဒီ ဟိုလိုဒီလိုအခန်းတွေကို ဖတ်နေရင်း တစ်ဖက်လမ်းကို မီးပွိုင့်မကြည့်ဘဲ အမောင်ရှောင်းကျန့် ကူးလိုက်မိပါလေရော။

အဲ့နောက်မှာတော့

*တီ တီ တီ ကျွီ ဒုန်း*

ရှောင်းကျန့်လေးလောကကြီးနဲ့အဆက်ပြတ်သွားလေပါတယ်။
───────────────────
.
.
.
.
.
[Host! Host ထပါဦး!]

အသံစူးစူးလေးတစ်ခု သူ့နားထဲဝင်လာတော့ ရှောင်းကျန့်လည်းအိပ်နေတာကလန့်နိုးလာလေတယ်။

"ဘယ်ကောင်ငါ့ကိုနှိုးတာလဲကွ!"

ဟုတ်တယ်။ ရှောင်းကျန့်က သူအိပ်နေတာကိုလာနှိုးရင်လုံးဝမကြိုက်။

[အာ Host ကိုယ်ရောက်နေတဲ့နေရာလည်း တစ်ချက်ကြည့်ဦး။ ဒါအိပ်ရမဲ့အချိန်မဟုတ်ဘူး ထတော့ထတော့ အခုက ယောက်ျားယူ အဲ အလုပ်လုပ်ရမဲ့အချိန်ပြောတာ။]

𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖Where stories live. Discover now