Arc 1.5 (Phoenix's Flower)

4.6K 568 41
                                        

Arc 1.5 (Phoenix's Flower)

Lynx ၏ပြောစကားတွေကိုနားထောင်ပြီးမှာတော့ရှောင်းကျန့်လည်း ဘဝင်ရူးရူးနေတဲ့ ဇာတ်လိုက်မအား လက်လန်သွားလေသည်။

"ဇာတ်လိုက်မကို အရူး‌ရောဂါပျောက်ဆေးလေးဘာလေးတိုက်ရမလားဟင်။ လေထဲတိုက်ဆောက်နေလို့။ တိုက်တောင်မှ အထပ်မြင့်၄၀လောက်ရှိမယ်။"

[ဒါက extremely easy level လေ host ရယ်]

"အင်း ဒါဆို ဇာတ်လိုက်မက သူ့အဖိုး‌ ထားခဲ့တဲ့သွေးပုလဲဆိုတဲ့‌အရမ်းပြင်းတဲ့စိတ်ကြွဆေးကို ငါ့ရေချိုးကန်ထဲထည့်မယ်။ ပြီးရင် အဲ့တာက တစ်လနေလို့အစွမ်းပြရင် ဟိုနတ်တွေကိုလွှတ်လိုက်ပြီး မင်္ဂလာပွဲလာမယ့် ဇာတ်လိုက်နဲ့ ဧည့်ပရိသတ်တွေကို ခေါ်ပြပြီး အရှက်ခွဲမယ်။ oh...အကြံအစည်လေးကလှလိုက်တာ.."

ရှောင်းကျန့် နှာသီးဖျားအား လက်ညိုးထိပ်နှင့်ပွတ်ရင်း

"ဒါဆို ဒီလိုလုပ်တာပေါ့။ lynx မင်းမှာ ဖြေဆေးရှိတယ်မလား။"

[ကျွန်တော်တို့ system က ၉၆ပါးသောရောဂါ‌တွေတင်မကဘူး ‌အဖြေရှာမရတဲ့ရောဂါတွေအတွက်ပါ ဖြေဆေးရှိပါတယ် host]

"အရေးထဲ ဆေးလာကြော်ငြာနေသေးတယ်... တစ်လနေလို့ အစွမ်းပြလာရင် မင်းငါ့ကိုဖြေဆေးပေး။ ငါသူ့ကစားပွဲထဲ ပီပြင်အောင်ဝင်ကစားလိုက်ဦးမယ်။"

[Yes sir!]

Lynx ရဲ့ လူယုတ်မာအပြုံးကြီးကိုတော့ရှောင်းကျန့်လေးမမြင်လိုက်ပါပေ။
(ဘယ်မြင်မလဲ ဟိုက ကြောင်ပုံစံကြီးနဲ့ပြုံးနေတာကိုး><)
───────────────────
.
.
.
ဘာလိုလိုနဲ့ မင်္ဂလာပွဲနေ့ရောက်ဖို့တစ်ပတ်မျှလောက်သာလိုတော့တယ်..။

ထိုအတောအတွင်းမှာတော့လား ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ကို အမျိုးမျိုးဖြည့်ဆည်းပေး၊အလို‌လိုက်ပေး၊ဂရုစိုက်ပေးပါတယ်။ တစ်ချက်တစ်ချက်လည်း လူအများကြားထဲ ရုပ်တည်ကြီးနဲ့ ထထပြီးချွဲနေတတ်လို့ ရှောင်းကျန့်မှာလည်းသူ့ကိုမောင်းထုတ်ရပေါင်းများနေပြီ..။
ပြောသာပြောတာ တကယ်ဆို ရှောင်းကျန့်လည်း ဇာတ်လိုက်ကြီးအပေါ် မြောပါနေတာကြာလှ‌ပေါ့။

𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖Where stories live. Discover now