Arc 1.2 (Phoenix's Flower)

5.7K 677 67
                                        

Arc 1.2 (Phoenix's Flower)

𝐔𝐧𝐢𝐜𝐨𝐝𝐞

နေ့ရက်တို့တ‌ရွေ့ရွေ့ကုန်ဆုံးပြီးနောက်...

[host အပြင်မှာ ဇာတ်လိုက်မရောက်နေတယ်]

"အင်း"

ရှောင်းကျန့်ကြိုတွက်ထားပြီးသားကိစ္စပင်အန်း‌မေရုံ သူ့ဆီသို့ ရောက်လာမည်ဆိုသည်ကို။

အကြောင်းဆို ယမန်နေ့က သူ ဇာတ်လိုက်မဆီကို ပန်းသဝဏ်လွှာပို့လိုက်တယ်လေ။

ပန်းသဝဏ်လွှာဆိုတာက ပန်းနတ်သားရှောင်းကျန့်တစ်ယောက်တည်းရဲ့အစွမ်းပေါ့။ ပန်းပွင့်ကိုအသုံးပြုပြီး အသံလွှာပို့ခြင်း။

ရှောင်းကျန့်လည်း ဇာတ်လိုက်မရောက်နေမှန်းသိသိကြီးနဲ့ကို ရေစိမ်ချိုး၊ ဗျတ်စောင်းကျင့်၊ lynx နှင့်လေပေါနေပြီးမှ အဆောင်ပြင်ထွက်တွေ့လေသည်။

အန်းမေရုံကတော့ဆွေ့ဆွေ့ခုန်နေလေသည်။ ခါတိုင်းသူလာ‌လျှင် သူ့‌အဆောင်ကို အစီအရင်ဖြုတ်ထားသူကခုတော့ အစီအရင်ပို၍တောင်တင်းကြပ်ထား၍သူ့မှာ အဆောင်ထဲဝင်၍မရ။ မတတ်သာပဲရှောင်းကျန့်အားစောင့်နေရ၍ ‌မျက်နှာတစ်ခုလုံးလည်းနီရဲကာဒေါသထွက်နေသည်ကအတိုင်းသား။

'ဒီကောင့်ကို ငါ့အကြောင်းပြရတာပေါ့'

‌တွေးရင်း အန်းမေရုံ အရှေ့သို့ရောက်လာသော‌ပန်းနတ်သားရှောင်းကျန့်။ ဝတ်ရုံအနားသတ်တို့အား ဇီးပန်းပွင့်ပုံဖော်ထားသောခရမ်းရောင်ရိုးရာဝတ်စုံဝတ်ဆင်ထားပြီး နူးညံ့သောဆံနွယ်ရှည်တို့အားတစ်ဝက်စည်းထားပြီး ကျန်တစ်ဝက်ကို ဒီအတိုင်း ပုခုံးပေါ်မှာဝဲကျစေလေတယ်။

လှပသည်ဆိုသောအရာတို့တောင်မှ ပန်းနတ်သားရှောင်းကျန့်၏ ရှေ့‌မှောက်တွင်အလျှိုလျှို ဒူးထောက်အရှုံးပေးရ‌ပေလိမ့်မည်..။

'ဘာလို့လဲ။ ဘာလို့ နင်က ငါ့ထက်အားလုံးသာနေရတာလဲ။ ‌စွမ်းအား၊ အဆင့်အတန်း၊ အလှအပ တို့ကအစ။'

"အင်း မေရုံ ဘာကိစ္စ ငါ့ဆီလာတာလဲ။"

သူ့အား ပြုံးပြုံးလေးနှင့်မသိသလိုလာမေးနေသည်က မေရုံ ၏ဒေါသတို့အားမီးစာထပ်ဖြည့်နေသလိုပင်။

𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖Where stories live. Discover now