Arc 1.8 (Phoenix's Flower)

4.3K 506 7
                                        

Arc 1.8 (Phoenix's Flower)

အန်းမေရုံ ခေါင်းတို့တစ်ဆစ်ဆစ်ကိုက်ကာနိုးထလာလေတယ်။ မူးဝေနေသောခေါင်းအားအသာဖိရင် ဘေးပတ်လည်ကိုကြည့်ချိန်မှာတော့  သူ့ဘေးတွင်အိပ်ပျော်နေကြသော နတ်သား ၅ ယောက်။ သူအပါအဝင်အားလုံးကလည်း ဝတ်လစ်စလစ်နဲ့။

ထိုအချိန်မှာပင် မှတ်ဉာဏ်ထဲသို့ဝင်လာတော့ ယမန်နေ့က အဖြစ်အပျက်များ။

မည်သို့ဖြစ်သွားသည်မသိ သူရေချိုးပြီးချိန်၌တစ်ကိုယ်လုံးပူတက်လာသည်ပင်။  ထို့နောက်... ထို့နောက်... ဘယ်ကနေရောက်လာမှန်းမသိသော ထိုနတ်သား ၅ ယောက်နှင့် သူ…။

အန်းမေရုံ အရူးသဖွယ် ဆံပင်တို့အားဆွဲကာ အော်ဟစ်နေမိတယ်။

"အားး! ငါစီစဉ်ထားတာဒီလိုမှမဟုတ်တာ.. ဘာလို့ငါ့ကျမှကံတွေဆိုးနေရတာလဲ.. ဘာလို့လဲ! မဖြစ်ဘူး.. လောလောဆယ် ဒီလူတွေကိုအရင်ရှင်းပစ်ရမယ်.. မဟုတ်ဘူး... ရိပေါ်ကော! ဟုတ်တယ် ရိပေါ်ကောဆီကိုသွားရဦးမယ်.. အယ် မဟုတ်သေးဘူး.. ဟိုအကောင်! ရှောင်းကျန့်ရော ဟုတ်တယ် ဟုတ်တယ် သူ့ကို နည်းနည်းမျက်ရည်ခံထိုးရင် ငါ့ကိုကူညီပေးလောက်တယ်.."

[Host ရေ.. ကြည့်ပါဦး။ ဇာတ်လိုက်မကတစ်ယောက်တည်းရူးသွားရှာပြီ။ ကျွတ်ကျွတ်ကျွတ်]

"အင်းနော်။ ဒီလိုကြည့်လိုက်တော့ ဇာတ်လိုက်မကသနားစရာပါလား
...လို့ဘယ်သူပြောလဲ။ သက်သက်အာချောင်တာ"

[Host လည်း စိတ်ဓာတ်ပဲ။ ဒီက‌အကောင်းမှတ်လို့နားထောင်နေတာကို။ဟုတ်သားပဲ host ကဘယ်တုန်းကလူစကားပြောဖူးလို့လဲနော်]

"ငါ့လက်ခလယ်ကိုတွေ့လား။ ဒီမှာ‌ထောင်ပြနေတယ်"

[leaf!]

"ကဲကဲ ထားထား လုပ်ငန်းအရင်စလိုက်ရအောင်။"

ရှောင်းကျန့်လည်း ကိုယ်ယောင်ဖျောက်ထားတာကိုပြန်ရုတ်သိမ်းလိုက်ပြီး ဇာတ်လိုက်မတို့နားသို့ တဖြည်းဖြည်းချင်းချဉ်းကပ်သွားလေသည်။

တစ်ခါတည်း အသံများအပြင်သို့မပေါက်ရောက်အောင်အသံတိတ်စည်းတစ်ခုတားလိုက်ရင်း‌ပေါ့..။

ခြေလှမ်းတိုင်းမှာသွေးအေးရက်စက်‌သော အရှိန်အဝါတို့ထုတ်လွှတ်ကာမျက်နှာထက်မဲ့ပြုံးတစ်ပွင့်နှင့်လျှောက်လာသူက ဝတ်ဆင်ထားသော ဝတ်စုံအနက်ရောင်နှင့်ထူးဆန်းစွာပနံသင့်ကာလိုက်ဖက်နေပေသည်။

𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖Where stories live. Discover now