Arc 1.4 (Phoenix's Flower)

4.8K 569 31
                                    

Arc 1.4 (Phoenix's Flower)

"ကောင်းတာပေါ့ သားတော်တို့နှစ်ယောက်လည်းပြန်အဆင်ပြေသွားတာ ခမည်းတော် ဝမ်းသာပါတယ်"

ရှောင်းယန်ရှင်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ သူ့ရှေ့က သားတော်မောင် နဲ့ မတော်ရသေးတဲ့သားမက်လောင်းတို့ကို ဟန်ပါပါကြည့်နေလေတယ်..။

နဖူးပေါ်မှာလည်း *ငါသိပြီးသားပါ* ဆိုတဲ့ စာတန်းကြီးက အခန့်သားချိတ်ဆွဲထားသယောင်..။

ရှောင်းကျန့်မှာတော့ အပြစ်လုပ်ထားမိသယောင် ခေါင်းလေးအားငုံ့ကာ အပီအပြင် အရှက်အကြောက်ကြီးသောလူငယ်လေးသဖွယ်သရုပ်ဆောင်နေလေတယ်။

တစ်ဖက်ကလည်း ဝမ်ရိပေါ်နှင့်ရှေင်းယန်ရှင်း‌စကားစမြည်ပြောနေကြတာကိုနားစွင့်နေရင်းပေါ့.။

သို့သော်လည်း...

ရှောင်းကျန့်မှာ ရှောင်းယန်ရှင်းပြောတာတောင်ကောင်းကောင်းနား‌မထောင်ရ!

တရားခံကတော့ သူ့ဘေးမှာ ထိုင်နေသော မျက်!နှာ!ရူး!ကြီး!

ပေါင်ပေါ်တွင်တင်ထားသောဘယ်လက်အား စားပွဲခုံအောက်မှ ဆုပ်ကိုင်ထားကာ တစ်ချက်တစ်ချက် ပွတ်သပ်နေ၍..။

ရုန်းတော့လည်းမရ.. အတင်းဆွဲကာကိုင်ထားလေသည်။

တစ်ဖက်မှာတော့ မျက်နှာသေနှင့်ပင်ရှောင်းယန်ရှင်းနှင့် ဟန်မပျက်စကားပြောနေလေတယ်။

ဂါးးး!!!

ရှောင်းကျန့်စိတ်ထဲမှာသာ အော်နိုင်လေတယ်.။

"ဒါဆို သားတော်တို့လက်ထပ်ပွဲကို ဘယ်အချိန်လို့သတ်မှတ်လိုက်ရတော့မလဲ"

‌အရေးကြီးသောနေရာသို့ရောက်ပြီဖြစ်၍ ရှောင်းကျန့်အသာ ခေါင်းမော့လိုက်လေတယ်..။

ဖြေမလို့ပါးစပ်လေးဟရုံပဲရှိသေး..

"နောက်လရဲ့ပထမဆုံးရက်ဆိုကောင်းပါတယ် ကောင်းကင်မင်းကြီး"

"..."

'ဟွန့် အသံက‌တော့ ယုံကြည်ချက်အပြည့်နဲ့.. ငါ့ကို ဒီတစ်လအတွင်းသိမ်းသွင်းနိုင်မယ်ထင်တယ်ပေါ့'

[ကျွန်တော်တော့ထင်တယ်။ host ကအခုတောင်ကွေးနေပြီကို]

ဘယ်နားကအိပ်ပျော်နေမှန်းမသိခဲ့တဲ့ lynx ရဲ့အသံ။

𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖Where stories live. Discover now