«In Vacuum»
[Host ခဏနားဦးမလား]
"အင်း"
အရင်ကမ္ဘာမှ ဟန့်ဖူတို့ကိုချွတ်၍ တီရှပ်နှင့်ဘောင်းဘီတို ကို လဲလှယ်ဝတ်ဆင်ထားသောကြောင့် ရှောင်းကျန့်မှာ ပေါ့ပါးနုပျိုသော လူငယ်လေးတစ်ယောက်သဖွယ်။ သို့သော်ငြား မျက်နှာမှာတော့ အပြုံးအရယ်မရှိ မှိုင်းညို့ရီဝေသော မျက်ဝန်းတို့သာ စိုးမိုးနေလေတယ်။
Mission ပြီးမြောက်၍ vacuum ထဲပြန်ရောက်လာကတည်းက မှိုင်တွေတွေဖြစ်နေသော host အား ကြည့်ရင်းနှင့် lynx လည်းထပ်တူထပ်မျှဝမ်းနည်းရပါတယ်။
Host စိတ်မပူပါနဲ့ဗျာ။ host လူကြီးကလိုက်လာမှာဆိုတာကျွန်တော်သိတယ်။
အရှင်ကကတိလုံးဝမဖျက်တတ်တဲ့လူပါ။
ထိုစကားကိုတော့ lynx စိတ်ထဲမှာပဲပြောလိုက်လေတယ်။
ရှောင်းကျန့် အဝေးသို့ မျှော်ကြည့်ရင်း သက်ပြင်းအသာချမိတယ်။ နဂိုကတည်းက အစစ်အမှန်မဟုတ်တဲ့ပုံရိပ်ယောင်ကမ္ဘာကို အစွဲအလမ်းမထားသင့်။ခံစားချက်တို့ကိုအတန်တန်ထိန်းချုပ်ရင်း မဖြစ်နိုင်တဲ့အချစ်တစ်ခုကို မတည်ဆောက်မိအောင်ကြိုးစားပေမယ့်လည်း ယခုတော့ ထိုအချစ်ကြောင့်ကျရှုံးရသည်မှာအလဲလဲအပြိုပြိုပင်။
'အခွင့်ရရင်တော့ ပြန်ဆုံချင်သေးတယ် ရှောင်ပေါ်။'
ဝေဝါးလာသော မျက်အိမ်တို့ကိုလည်း မပွတ်သပ်မိ... လက်ခုံပေါ်သို့ ကျလာသော မျက်ရည်စက်ကိုလည်းမဖယ်ရှားမိ။
ရုတ်ခြည်းပင် အိပ်မွေ့ချခံရသကဲ့သို့ ရှောင်းကျန့် မျက်ခွံတို့ပိတ်ကျသွားလေတယ်။
vacuum ထဲရှိလွင့်မျောနေသော တိမ်စိုင်တစ်ခုပေါ်တွင် အေးချမ်းစွာ အိပ်မောကျနေသော ကောင်လေးတစ်ယောက်။
[ဟင်း host တို့များအားကျစရာ။ ဘယ်သွားသွား ဘယ်လာလာ နောက်ကွယ်ကလိုက်စောင့်ရှောက်ပေးမယ့်လူတွေဘာတွေနဲ့။ ဒီ system မှာတော့ မူးလို့ရှူစရာတောင်မရှိ]
"ကိုယ့်အကြောင်းပြောနေတာလား lynx"
ဩရှရှအသံတစ်ခုက ကြောင်ဖြူလေး၏ထောင်နေသောနားရွက်ချွန်လေးများထံသို့ပျံ့လွင့်လာလေသည်။

YOU ARE READING
𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖
FantasySystem: [Host! ဇာတ်လိုက်ကိုနမ်းပါ။ ပါးမဟုတ်ဘူးနော် နှုတ်ခမ်း နှုတ်ခမ်း!] System: [Host! ဇာတ်လိုက်ကို papapa အောင်မြူစွယ်ပါ!] ရှောင်းကျန့် : ((유∀유|||)) !!! System ကိုတရားစွဲမယ်! ယောက်ျားအတင်းပေးစားမှုနဲ့! ဇာတ်လိုက်ဝမ်ရိပေါ် : ကျန့် ကိုယ့်ကိုတစ်ချက်လေ...