Arc 1.7 (Phoenix's Flower) ⚠

4.9K 533 44
                                    

Arc 1.7 (Phoenix's Flower)

*ကျွီ*

ဝမ်ရိပေါ်  တံခါးဆက်တိုက်ခေါက်နေသော်လည်း တုံ့ပြန်သံမလာသောကြောင့် အခန်းတံခါးအား အသာလှပ်ကြည့်လိုက်လေတယ်။

ထိုအခါတွေ့လိုက်ရသော မြင်ကွင်းကြောင့် အသက်ရှူပင်ရပ်မတတ်။

"ကျန့်!"

မြင်လိုက်ရသည်က ချွေးသီးချွေးပေါက်တို့ကျကာတစ်ကိုယ်လုံးတုန်ယင်နေလေသော ကျန့်။

"အင်း ဟင်း"

ထို့နောက်တွင်‌တော့ သူ့မျက်စိရှေ့မှာပင် မင်္ဂလာဝတ်စုံ၏အပေါ်ယံခြုံလွှာပါးအားတစ်လွှာချင်းဆွဲချွတ်နေလေသည်။

ဝမ်ရိပေါ်လည်း ကျန့် အနားသို့အလျင်အမြန်သွားကာ ကျန့်လက်တစ်ဖက်အား ဆုပ်ကိုင်ရင်း ရင်ခွင်ထဲသွင်းလိုက်လေတယ်။

"ကျန့်…ကျန့် ကိုယ်ပြောတာ ကြားရလား။ ကျန့် ဘာဖြစ်တာလဲ…"

"အင်း~"

"ကျန့် ဘယ်နေရာကအဆင်မပြေတာလဲ ကိုယ့်ကိုပြော…"

ဝမ်ရိပေါ် ရှောင်းကျန့်လက်ကောက်ဝတ်အားအသာကိုင်ကာသွေးကြောစမ်းရန်ပြင်စဉ်မှာပင် ငုံ့ကိုင်းကာ သူ့လက်ဖဝါးအားလျှာဖြင့်လာလျက်သော ကျန့်ကြာင့် ခန္ဓာကိုယ်မှ လျှက်စီးလက်သကဲ့သို့…။

"ရိပေါ် ကျန့်...ကျန့်ကိုကူညီပါ"

"ကျန့်...?"

ဝမ်ရိပေါ် ကြောင်အအဖြစ်နေစဉ်မှာပင်

"ဘာလဲ ရိပေါ်ပြောတော့ ကျန့်ကို ချစ်တယ်ဆို။ ကျန့်ကိုမထိချင်လို့လား…"

ရိပေါ်အား မျက်ရည်ဝေ့နေသော မျက်ဝန်းတို့ဖြင့် မော့ကြည့်နေကာ တတွတ်တွတ်နှင့်ပြောနေလေတယ်။

"အဲ့ အဲ့လိုမဟုတ်..."

အလျင်အမြန်ဖြစ်ပျက်သွားသော အခြေအနေ တို့ကြောင့် ဝမ်ရိပေါ်အသိဝင်လာချိန်တွင်တာ့ သူ့ပေါင်ပေါ်တွင် ခွထိုင်ထားသောကျန့်ငယ်ရယ်ပါ။

ထို့နောက်တွင်တော့ ရုတ်တရက် ရိပေါ် ၏နှုတ်ခမ်းသားတို့မှာ ပူနွေးသာတစ်စုံတစ်ရာ၏ ထိကပ်ခြင်းကို ခံလိုက်ရလေတယ်။

𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖Where stories live. Discover now