Arc 1.9 (Phoenix's Flower)

4.2K 504 43
                                        

Arc 1.9 (Phoenix's Flower)

ရှောင်းကျန့်လည်းပြန်ရောက်တာနဲ့ရေချိုးကန်ထဲဝင်ကာရေစိမ်နေလိုက်သည်။

[Congratulations host! Mission 99% တောင်ပြီးသွားပြီ။]

"အင်း"

"အင်ဟင် ဪ ဒါနဲ့မေးဦးမယ်ဆိုပြီးမေ့နေတာ Lynx မင်းနှာခေါင်းက သွေး‌တွေလား။"

[အဟီး မဟုတ်ဘူး host။ မနေ့ညအာလူးကြော်ကို အချဉ်ရည်နဲ့တို့စားရင်း ပေသွားတာ။]

"ဪ ကြောင်ကအာလူးကြော်လည်း စားသေးတယ်ပေါ့"

[ဒါပေါ့ host ရဲ့]

ရှောင်းကျန့်လည်း မျက်လုံးသာလှန်ပြလိုက်‌လေသည်။

ထို့နောက်မှာတော့ မျက်လုံးအသာမှိတ်ကာဇိမ်ခံနေရင်း

"ဒါနဲ့ ငါ့မင်္ဂလာပွဲရော။"

[စိတ်မပူပါနဲ့ host! host လူကြီး အကုန်လုံးကိုင်တွယ်သွားပြီးပြီ]

"ခွေးကောင် အဲမဟုတ် ကြောင်ကောင် system! ဘာကိစ္စ ငါ့ကိုမလှိမ့်တစ်ပတ်လုပ်သွား‌တာ‌လဲ..ခုနက နေရာပြောင်းရွေ့မန္တာန်သုံးလို့ရလို့သာတော်သေးတယ်။ နို့မဟုတ်ရင်ညက ဟိုလူကြီးသောင်းကျန်းထားတာ ငါ့မှာလှုပ်လို့တောင်မရအောင်ပဲ"

[Host ကလည်း ကျွန်တော်ကစေတနာနဲ့ကို။ ရော့ ရော့ အကိုက်အခဲပျောက်ဆေးလေးသောက်‌လိုက်နော်။ system ကအလကားပေးတာ]

ရှောင်းကျန့်လည်း သူ့ကို ကြောင်မျက်နှာငယ်လေးနှင့်ဆေးလာပေးနေသောကြောင့် မျက်စောင်းတစ်ချက်ထိုး၍စိတ်လျှော့လိုက်ကာ ဆေးကိုသာသောက်လိုက်လေတော့တယ်။

"ဒါနဲ့ ရိပေါ်ရော။"

[ကျွန်တော်လည်း မသိဘူးရယ်]

"ဘာလို့မင်းကမသိ..."

"ကျန့်ကိုယ့်ကိုရှာနေတာလား။"

ရှောင်းကျန့်လှည့်ကြည့်လိုက်တော့ သြူအားစိုက်ကြည့်နေသော ဝမ်ရိပေါ်..။ ရှောင်းကျန့် မလုံမလဲဖြစ်သွားတယ်။ ရိပေါ်က သူ့လုပ်ရပ်တွေကို ထိုးဖောက်မြင်နေသလိုပဲ..။

ရှောင်းကျန့် ရိပေါ်ပြောစကားကိုစိတ်လှုပ်ရှားစွာနားထောင်နေမိတယ်။

𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖Where stories live. Discover now