Arc 1.6 (Phoenix's Flower)
နှစ်ပတ်ကြာပြီးနောက်...
နောက်ဆုံးတော့လည်းအားလုံးမျှော်လင့်စောင့်စားနေရတဲ့နေ့လေးသို့ရောက်ရှိခဲ့လေပြီ...။
ကောင်းကင်နန်းတော်ကြီးတစ်ခုလုံးအပါအဝင် အထက်ဘုံ၊အောက်ဘုံမည်သည့်နေရာကြည့်ကြည့် အနီရောင်အပြင်အဆင်တို့နှင့်သာလွှမ်းမိုး ထင်ဟပ်နေလေသည်။
တိုင်လုံးများ၊ လျှောက်လမ်းများတလျှောက်တွင်လည်း "囍"(ရှီ) စကားလုံးအားခမ်းနားသော ရွှေရောင်တို့ဖြင့်ရေးခြယ်ကာ ချိတ်ဆွဲထားကြလေသည်။
ပန်းပေါင်းစုံရနံ့တို့ကလည်းလေညင်းကသယ်ဆောင်လာ၍ သင်းကြိုင်လို့ပင်...။
တင့်တယ်စွာဝတ်ဆင်ထားကြတဲ့ နတ်သားနတ်သမီးတို့ရဲ့ မျက်နှာထက်တွင်လည်း အပြုံးတွေကချိတ်ဆွဲလို့...။
ကောာင်းကင်နတ်မင်းကြီးမှ မင်္ဂလာပွဲအား သာမန်နတ်သားမှအဆင့်မြင့်နတ်ဘုရားအထိမည်သူမဆိုလာရောက်ဆင်နွှဲပါရန်ဖိတ်ခေါ်ထားလေသည်။
ကောင်းကင်မင်းကြီးမှလည်း ကြွရောက်လာသော ဧည့်ပရိသတ်တို့အား ပြုံးပြုံးရွှင်ရွှင် နှင့်ဧည့်ခံနေပေသည်။
ဂုဏ်ပြုစကားများ၊ဆုမွန်တောင်းစကားများဖြင့်ညံလို့ပင်...။
ထိုအချိန်တွင်သတို့သားလောင်းတို့မှာတော့...
ရှောင်းကျန့်မှာ အန်းမေရုံမှ သူ့အားပြင်ဆင်ပေးသည်ကိုငြိမ်ခံနေလေသည်။
ရှောင်းကျန့်ရဲ့ ပျော့ပျောင်းတဲ့ဆံနွယ်တွေကိုဖြီးပေးရင်း အငြှိုးတို့ကတစိမ့်စိမ့်...။
'နောက်ဆုံးပျော်ရမယ့်အချိန်လေးမို့လို့နင့်ကို သေသေချာချာလှလှပပလေးပြင်ပေးလိုက်ပါ့မယ်'
မက်မွန်သဏ္ဌာန်မျက်ဝန်းများ၊ နှာတံဖြောင့်ဖြောင့်၊ ပါးဖောင်းဖောင်းလေးနှင့် ချယ်ရီရောင်နှုတ်ခမ်းတို့က တုနှိုင်းမမီသောအလှဟူ၍ဖွဲ့ဆိုပေသည်။
အလှတရားလေး...။ မြတ်နိုးဖွယ်ရာလေး...။ တစ်သက်လုံးမည်သူ့မှပေးမမြင်စေချင်ဘဲ တစ်ယောက်တည်းအတွက်သာဖွက်ထားချင်သော အဖိုးတန်ရတနာလေး...။

YOU ARE READING
𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖
FantasySystem: [Host! ဇာတ်လိုက်ကိုနမ်းပါ။ ပါးမဟုတ်ဘူးနော် နှုတ်ခမ်း နှုတ်ခမ်း!] System: [Host! ဇာတ်လိုက်ကို papapa အောင်မြူစွယ်ပါ!] ရှောင်းကျန့် : ((유∀유|||)) !!! System ကိုတရားစွဲမယ်! ယောက်ျားအတင်းပေးစားမှုနဲ့! ဇာတ်လိုက်ဝမ်ရိပေါ် : ကျန့် ကိုယ့်ကိုတစ်ချက်လေ...