Arc 1.3 (Phoenix's Flower)
𝐔𝐧𝐢𝐜𝐨𝐝𝐞
"ခင်...ခင်ဗျား ကျွန်တော့်ကိုဘယ်ခေါ်လာတာလဲ! မလိုက်ဘူး! အခုပြန်ပို့ပေး!"
ရှောင်းကျန့်ဘယ်လောက်အော်အော် ဘယ်လောက်ပဲရုန်းရုန်း ဝမ်ရိပေါ်မှ နားမထောင်..။ ရှောင်းကျန့်ကိုပွေ့ချီထားလျက်ပင် သူ့အဆောင်၏အိပ်ခန်းဆီသို့ခေါ်သွားလေသည်။
ထို့နောက်ရုန်းကန်နေသော အဆိုးအဆာလေးအား ကုတင်ပေါ်တင်၍ လှုပ်မရအောင် အစွမ်းသုံး၍ ချုပ်နှောင်လိုက်လေသည်။
"ဘာလို့ စေ့စပ်ပွဲကိုဖြတ်မယ်ပြောတာလဲ။"
ခပ်တည်တည်မျက်နှာထားနှင့် ဝမ်ရိပေါ်မေးလိုက်တယ်။
"ခင်...ခင်ဗျားကမှ ကျွန်တော့်ကို မချစ်တာကို။"
နှုတ်ခမ်းတို့ကိုဆူကာပြောနေပုံက ဝမ်ရိပေါ်ရဲ့ သမာဓိအားကိုဆွဲနေသယောင်..။
"ကိုယ် မချစ်ဘူးလို့ပြောမိလို့လား။ ကိုယ်မင်းကို ရူးမတတ်ချစ်တာပေါ့။ အရမ်းချစ်တာမှ ဖွက်ထားချင်လောက်အောင်ပဲ။"
"အဟင့် ခင်ဗျား ကကျွန်တော့်ဆီမှာ ဘာရစရာရှိလို့ ဒီလိုတွေ သကာရည်လောင်းစကားတွေလာပြောနေတာလဲ။ ပြီးရင်လည်း ဇာတ်လိုက်မဆီပဲသွားမှာပဲကို အဟင့် ခင်ဗျား ချစ်တာ ကျွန်တော် မယုံဘူး!"
ရှောင်းကျန့် မူလပိုင်ရှင် ရှောင်းကျန့်၏ ခံစားချက်များ ကြောင့်သူပါ အလိုလိုနေရင်းဝမ်းနည်းကာ ထပ်ငိုမိပြန်လေသည်။
ရုတ်တရက် ဝမ်ရိပေါ်၏ နှုတ်ခမ်းမှ သူ့အပေါ်ငုံ့ကိုင်းလာကာ မျက်နှာပေါ်မှပေပွနေသော မျက်ရည်တို့အား ဖွဖွလေးချင်းသုတ်ပေးလိုက်လေသည်။
"..."
"ကိုယ် ကျန့်ကျန့်ဘာတွေးနေလဲဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ကျန့်ကျန့် စိတ်ချပါ။ ကိုယ်က အရင်ကဝမ်ရိပေါ်မဟုတ်တော့ဘူး။ အခုဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အပိုင်။ ရှောင်းကျန့်ကလည်း အခုဝမ်ရိပေါ်ရဲ့အပိုင်။"
ထို့နောက်တွင်တော့မျက်လုံးပြူးကြည့်နေသောရှောင်းကျန့်၏မျက်နှာပေါ်သို့ခပ်ဖွဖွ အနမ်းတို့ခြွေလေသည်။ ငိုထား၍ ဖောင်းအစ်နေသောမျက်ခွံ၊ ဖြောင့်စင်းသောနှာတံ၊ ပါးဖောင်းဖောင်းလေးများ နှင့် ထို့နောက် ချယ်ရီရောင်နှုတ်ခမ်းတို့ပေါ်သို့ နီညိုရောင်သမ်းနေသောနှုတ်ခမ်းတို့က အဆုံးသတ်ခိုနားလေသည်။
YOU ARE READING
𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖
FantasySystem: [Host! ဇာတ်လိုက်ကိုနမ်းပါ။ ပါးမဟုတ်ဘူးနော် နှုတ်ခမ်း နှုတ်ခမ်း!] System: [Host! ဇာတ်လိုက်ကို papapa အောင်မြူစွယ်ပါ!] ရှောင်းကျန့် : ((유∀유|||)) !!! System ကိုတရားစွဲမယ်! ယောက်ျားအတင်းပေးစားမှုနဲ့! ဇာတ်လိုက်ဝမ်ရိပေါ် : ကျန့် ကိုယ့်ကိုတစ်ချက်လေ...