Arc 1.1 (Phoenix's Flower)

6.3K 675 45
                                    


𝐔𝐧𝐢𝐜𝐨𝐝𝐞

ရှောင်းကျန့်မျက်စိအစုံကိုဖွင့်လိုက်သည်နှင့်တွေ့လိုက်ရသည်က ဗျတ်စောင်းတစ်ခုနှင့် ထိုဗျတ်စောင်း‌အပေါ်တင်ထားသောလက်ချောင်းသွယ်သွယ်တို့။

ဘေးဘီအားဝေ့ဝဲကြည့်တော့ ‌ဥယျာဉ်တစ်ခုဖြစ်ဟန်တူပြီး သစ်ပင်ပန်းမန်တို့နှင့်စိမ်းစိုနေပြီး ကျေးငှက်သံ၊ လေတိုးသံတို့သာအေးချမ်းဖွယ်ရာကြားနေရလေတယ်။

*ချွင်*

ချူသံလာရာ သူ့အရှေ့ကိုရှောင်းကျန့်ကြည့်လိုက်တော့ သာမန်အဖြူရောင်တရုတ်ရိုးရာဝတ်စုံကိုရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော လူရွယ်တစ်ယောက်။ ဆံပင်ကိုမြှောက်စည်းထားပြီ ခေါင်းတွင်လည်း နဂါးပုံ သဏ္ဌာန်ရှိ‌ခေါင်းဆောင်းကိုဝတ်ဆင်ထားလေတယ်။ အရှိန်အဝါတို့ကအပြည့်နှင့်။

ရှောင်းကျန့်သိလိုက်လေပြီ။ ထိုသူမှာ သူနောက်ဆုံး ဖတ်ခဲ့သော *နတ်ပြည်သို့အလည်တစ်ခေါက်* fic မှ ကောင်းကင်နတ်မင်းကြီး ရှောင်းယန်ရှင်း ဆိုသည်ကို။

'*အသက် ၅၀၀၀ ကျော်ပြီဖြစ်သော်လည်း နုပျိုနေဆဲ ရှောင်းယန်ရှင်း* ဆိုပြီး သူဖတ်ခဲ့ရတဲ့အတိုင်းပါပဲလား'

သေချာတာကတော့ အခုရှောင်းယန်ရှင်းက သူတီး‌နေတဲ့ဗျတ်စောင်းသံကိုနားထောင်နေတယ်ဆိုတာကိုပဲ။

'လောလောဆယ်တော့မီးစင်ကြည့်ကလိုက်ဦးမယ်။ lynx ပြီးရင် မင်းနဲ့ငါ ခုနကကိစ္စဆက်ဆွေးနွေးကြတာပေါ့။'

ထို့နောက်တွင်တော့လက်တို့က ဗျတ်စောင်းအားကျွမ်းကျင်မှုတို့အပြည့်နဲ့ ဆက်၍တီးခတ်လိုက်လေသည်။

ငြိမ့်ငြောင်းလှသောတေးသွား‌မှာလေထဲတွင်အတန်ကြာဝေ့ဝဲနေပြီးနောက် အဆုံးသတ်ကြိုးမျှင်အားရှောင်းကျန့်ဆွဲငင်လိုက်လေတယ်။

"ကျန့်ကျန့် ဒီတစ်ခေါက်လက်ရည်တိုးတက်လာတာပဲ တစ်ခါနားထောင်လိုက်တာနဲ့ ခမည်းတော် စိတ်ဖိစီးသမျှအကုန်ပြေတယ်။"

Wait! နေပါဦး။ ငါ့ကို ကျန့်ကျန့်လို့ခေါ်တယ်? ပြီးတော့ ခမည်းတော်? မဟုတ်မှ ငါထင်နေတဲ့သူရဲ့ခန္ဓာကိုယ်ထဲရောက်နေတဲ့လို့ မပြောနဲ့နော်?

𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖Where stories live. Discover now