Arc 1.10 (Phoenix's Flower)
[ဂုဏ်ယူပါတယ် Host! mission 99% ပြီးသွားပြီ]
“...”
Lynx သူ့ host ဆီမှ ခွန်းတုံ့ပြန်သံမကြား၍ ကြည့်လိုက်တော့ host မျက်နှာကဝမ်းနည်းနေသယောင်။
Host ကအရင်ကလို တက်တက်ကြွကြွမရှိတော့ဘူး။ စကားတွေလည်းအများကြီးမပြောတော့ဘူး။ သူ့ကိုလည်းမဆဲတော့ဘူး။
ဟူး Host ကိုပြောပြချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အမိန့်ပေးထားလို့ပါ။
“Lynx ရေ..”
[ဗျာ host]
Host အားပြန်ထူးလိုက်သော်လည်း host ကပြန်မဖြေ။ အဝေးဆီသို့သာ မျှော်ငေးနေလေသည်။ တိတိကျကျပြောရမည်ဆို သူကြည့်နေသောနေရာမှာ ဝမ်ရိပေါ်နှင့်ရှောင်းယန်ရှင်းတို့စကားပြောနေသောနေရာ။
[တကယ်လို့ mission ပြီးသွားခဲ့ရင်တောင် host ဒီကမ္ဘာမှာအချိန်အတိုင်းအတာတစ်ခုအထိနေလို့ရပါတယ်။]
Lynx host မေးဖို့မရဲတဲ့စကားကို သူပဲ အလိုက်တသိနဲ့ပြောပေးလိုက်ပါတယ်။
“အင်း ဒါပေမဲ့လည်း ငါနောက်ကမ္ဘာတွေသွားဖို့ကိုမရဲတော့ဘူး။”
[…]
ရှောင်းကျန့် ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းမောကိုချပြီးမှာတော့
“ငါ သူ့ကိုဆုံးရှုံးရမှာကြောက်တယ်။ ဘာလို့လဲ မသိဘူး။ အရင်တုန်းကလည်း ငါသူ့ကို ထားခဲ့ဖူးသလိုမျိုး ခံစားချက်ကြီးရတယ်။ အဲ့အချိန်တွေဆိုရင် ငါ ရင်ဘတ်ထဲမှာတင်းကြပ်ပြီး အရမ်းဝမ်းနည်းမိတာပဲ။”
[သိပ်ပြီးလျှောက်မတွေးပါနဲ့ host ရာ]
Lynx လည်း host စိတ်သက်သာရာရအောင်ဖြောင်းဖျပေးနိုင်ရုံမှတစ်ပါး။
တစ်ခါတစ်လေကျတော့လည်း လျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့ဆိုတာ မလွယ်ကူဘူး။ မထင်မှတ်ထားတဲ့အချိန်မှာမထင်မှတ်ထားသလိုပွင့်အံထွက်လာနိုင်တယ်လေ။
ကျွန့်တော့် host အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာကျွန်တော်သိတယ်။
“ကျန့်ရေ။”
ဘယ်အချိန်ကတည်းကရှောင်းကျန့်ဘေးနားကို ရိပေါ် ရောက်လာမှန်းမသိ။ ရှောင်းကျန့်သတိထားမိတာတစ်ခုရှိတယ်။ တစ်ခါတစ်လေဆိုရင် ရိပေါ်ကအရမ်းထူးဆန်းတယ်။ သူတောင် အာရုံမခံနိုင်အောင်လှစ်ခနဲ ပိပိရိရိ နဲ့အနားကိုရောက်လာနိုင်တယ်။

YOU ARE READING
𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖
FantasySystem: [Host! ဇာတ်လိုက်ကိုနမ်းပါ။ ပါးမဟုတ်ဘူးနော် နှုတ်ခမ်း နှုတ်ခမ်း!] System: [Host! ဇာတ်လိုက်ကို papapa အောင်မြူစွယ်ပါ!] ရှောင်းကျန့် : ((유∀유|||)) !!! System ကိုတရားစွဲမယ်! ယောက်ျားအတင်းပေးစားမှုနဲ့! ဇာတ်လိုက်ဝမ်ရိပေါ် : ကျန့် ကိုယ့်ကိုတစ်ချက်လေ...