Arc 2.2 (Xiao the Detective)

3.7K 453 10
                                        

Arc 2.2 (Xiao the Detective)

ရှောင်းကျန့် သူရောက်နေတဲ့ ခန္ဓာကိုယ်ကို ကြည့်မိတော့ လန့်တောင်လန့်သွားလေတယ်။

"Lynx ရေ ငါလေးကဒီ psycho နှစ်ကောင်ရဲ့ဖွတ်ဖွတ်ညက်ညက်အမှုန့်ဖြစ်အောင်ထောင်းခံရမှာလားဟင်"

ပြောလည်းပြောချင်စရာ ရှောင်းကျန့်ဝင်ထားတဲ့ခန္ဓာကိုယ်ရဲ့နာမည်က ယူဟိုမင်။ ငယ်စဉ်က လူသတ်မှုတစ်ခုကိုမျက်မြင်တွေ့ပြီးနောက်မှာတော့ အပြစ်မဲ့သူကိုကယ်တင်လိုစိတ်နဲ့ စုံထောက်ဖြစ်လာခဲ့တယ်။ မထင်မှတ်ပဲ လွန်ခဲ့တဲ့ ၇ နှစ်ကအမှုတစ်ခုကို မတော်တဆအစဖော်မိပြီးတဲ့နောက်မှာတော့ ဘာမှမသိလိုက်ပါပဲ ဇာတ်လိုက်ရဲ့ အစဖျောက်ခြင်းကိုခံလိုက်ရတာဖြစ်လေတယ်။

ရှင်းရှင်းပြောရရင်အမြှောက်စာဇာတ်ကောင်လေးပေါ့။

"အဲ့တော့ ခုနက လူတွေက ဇာတ်လိုက်လွှတ်လိုက်တဲ့လူတွေလား"

[ဘယ်ကသာ အဲ့ဒါတွေက အသေးစားဘိန်းအရောင်းအဝယ်ကို host သွားစုံစမ်းရင်း ကွန်တိန်နာနောက်ကနေနှာ‌ချေမိတော့ လူမိသွားလို့ ခွေးပြေးဝက်ပြေး ပြေးရတာ]

"..."

ဟုတ်ပါတယ်။ ယူဟိုမင်းကစုံစမ်းစစ်ဆေးတဲ့နေရာမှာ ထက်မြက်သလောက် ထိုကဲ့သို့မျိုးလည်းရှပ်ပြာရှပ်ပြာနိုင်တတ်ပါသေးတယ်။

"အခုက ဇာတ်လမ်းရဲ့ ဘယ်အပိုင်းရောက်ပြီလဲ"

[ဇာတ်လမ်း အခုမှ စတုန်းပါ host။ host ဇာတ်လိုက်မရဲ့ အမှုကို မစုံစမ်းရသေးလို့ ဇာတ်လိုက်လည်း host ကိုမသိသေးပါဘူး]

"ဟူး တော်သေးတာပေါ့"

[Mission တွေက host ခုနက ရခဲ့တဲ့ မှတ်ဉာဏ်တွေနဲ့ ဆက်စပ်တယ်။ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အတိတ်ကိုဖော်ထုတ်ပါ]

"ဒါပဲလား?"

[ဟုတ် ဒါပါပဲ]

"ငါ့ အထင်တော့ မစ်ရှင်က အရမ်းလွယ်နေသလိုပဲ"

[ဒါက host ဖော်ထုတ်ရမယ့်အပိုင်းပါ။ lynx ဘာမှထပ်ပြောလို့မရတော့ပါဘူး]

Lynx ကသူမေးတာကိုထပ်မ‌ဖြေတော့တာမို့ ဇာတ်လမ်းကိုပြန်သုံးသပ်ကြည့်တယ်။

𝙳𝚘𝚐 𝙵𝚘𝚘𝚍 𝚂𝚢𝚜𝚝𝚎𝚖Where stories live. Discover now