အိပ်လို့မပျော်ဘူး။ ဘေးမှာ ထူးအောင်မရှိတော့။ ထူးအောင်က မနေ့ကတည်းက ရုံးက ရိုက်ကူးရေးအဖွဲ့နဲ့ ကော့သောင်းကို ခရီးထွက်သွားတယ်။ ကျွန်တော်ပါ လိုက်သွားချင်ပေမယ့် တစ်ချို့အလုပ်လေးတွေကို ဘယ်လိုမှပစ်ထားခဲ့လို့ မရလို့ မလိုက်ရဘူး။
ထူးအောင်ကလည်း ဒီနေ့ တစ်နေသာကုန်ပြီး ညရောက်သွားတယ် ဖုန်းကတစ်ခါမှ မဆက်လာခဲ့။ ကျွန်တော်ဆက်တော့လည်း မကိုင်ပြန်။ ကျွန်တော်မပါဘဲ သူတစ်ယောက်တည်းမို့ အဆင်ပြေရဲ့လား ဘာညာမေးကြည့်ချင်တာကို ဖုန်းကိုလုံးဝ မကိုင်။ မနေနိုင်လို့ အဖေ့ဆီကို ဖုန်းဆက်ပြီး မေးပြန်တော့လည်း ကိုယ်ကဘာမှမမေးလိုက်ရဘူး။ အဖေကပဲ အမေ့အကြောင်းတွေမေးပြီး ဖုန်းချသွားတယ်။
အဖေလည်း အတူတူပါသွားတော့ အဆင်ပြေမှာပါ။ ထူးအောင်က နေတတ်ထိုင်တတ်တယ်ဆိုတော့ ဘာမှတော့ စိတ်ပူစရာ မရှိပါဘူး။ တကယ်တမ်း အဆင်မပြေတာက ကျွန်တော်။ အရမ်းအရမ်းကို လွမ်းတာပဲ။ အိပ်လို့လည်း မပျော်ဘူး။ စိတ်ညစ်တယ်။ ဘယ်လိုလုပ်လို့ လုပ်ရမယ်မှန်း မသိတော့ဘူး။
-----------------------------------------------------------
"Hello ကိုဇော်ဇော် နေကောင်းရဲ့လား"
"ကောင်းပါ့ဗျာ... ကောင်းပါ့"
"ဟုတ်မှာ ဟုတ်မှာ ပြုံးရွှင်နေတာပဲဆိုတော့"
ကျွန်တော်ပြောတော့ ကိုဇော်ဇော်က သဘောတကျ ရယ်တယ်။ ဖုန်း screen ထဲကဆိုပေမယ့် ကိုဇော်ဇော့်မျက်နှာက ကြည်လင်တောက်ပနေတယ်။ မမြင်တာကြာလို့လားမသိဘူး ကိုဇော်ဇော်က ပိုကြည့်ကောင်းလာတယ်။ ထိုင်းနိုင်ငံနဲ့ ကိုဇော်ဇော်က ဓာတ်တည့်တယ်ထင်ပ အသားတွေလည်း ပိုပြီးဖွေးလာတယ်။
"ဆိုစမ်းပါဦး။ မင်းမျက်နှာက ဘယ်လိုဖြစ်နေရတာတုန်း"
"ဘာမှမဖြစ်ပါဘူးဗျာ"
"ငါ့ကိုလာပြီး ညာနေ။ ထူးအောင်နဲ့ဘာဖြစ်ထားလို့လဲ"
တကယ်ပါ။ ကိုဇော်ဇော်ကိုတော့ ဘယ်လိုမှညာလို့မရဘူး။
"ထူးအောင်က ရိုက်ကူးရေးအဖွဲ့နဲ့ ကော့သောင်းကို ပါသွားတာ နှစ်ရက်ရှိပြီ။ မနေ့ကတော့ ကျွန်တော့်ဆီကို ဖုန်းဆက်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကျတော့ အခုညတောင်ရောက်နေပြီကို တစ်ခါမှ ဖုန်းမဆက်ဘူး"
![](https://img.wattpad.com/cover/246836200-288-k454642.jpg)
YOU ARE READING
မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)