P_5 (Uni)

17.7K 2.3K 180
                                    

ဒီနေ့ထမင်းဝိုင်းမှာ မောင်ထူး၊ မောင်မှူးနဲ့ ကျွန်တော် သုံးယောက်တည်းပဲ။ အန်တီတို့ကရော ကျွန်တော်မေးလိုက်တော့ Straight မြို့ကိုအဖေနဲ့ အလည်ခဏလိုက်သွားတယ်တဲ့ မောင်ထူးကဖြေတယ်။

"Straight မြို့"

ကြောင်တောင်တောင်နဲ့ ကျွန်တော်ရေရွတ်မိတယ်။

"Sorry, မကွေးမြို့ကိုပြောတာ အဖေခေါ်လို့ ခဏအလည်လိုက်သွားတာ"

"သြော်..."

သူတို့မိသားစုနဲ့ကျမှပဲ မကွေးမြို့လည်း နာမည်မျိုးစုံဖြစ်သွားတော့တယ်။ တစ်ယောက်တစ်မျိုးစီများ ခေါ်နေကြတာလားမသိ။

ခါတိုင်းဆို မောင်ထူးရဲ့မိဘတွေက မေး၊ ကျန်တဲ့လူတွေကဖြေနဲ့ ညံနေတဲ့ထမင်းဝိုင်းက အခုတော့တိတ်ဆိတ်လို့။ ခြောက်ကပ်ကပ်ဖြစ်နေတယ်။

အဲ့ဒီအချိန်မှာပဲ "ညကျဇာတ်ကားကြည့်ရအောင်"တဲ့ မောင်ထူးက မောင်မှူးကိုကြည့်ပြီး ပြောလိုက်တယ်။

"မေမေက မကြည့်စေနဲ့လို့မှာသွားတယ်"

မောင်မှူးကပြန်ဖြေတယ်။ ပြန်ပြီးတိတ်ဆိတ်သွားပြန်တယ်။

နောက်တော့ ဆရာကြီးတို့မြို့အကြောင်းပြောပြတဲ့ မောင်မှူးက ကျွန်တော့်ကိုစကားစတယ်။ ကျွန်တော် မောင်ထူးကိုကြည့်တော့ သူကလည်း ကျွန်တော့်ကိုကြည့်နေတာနဲ့ ပြောဖို့ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်လည်း ပြောချင်နေတာနဲ့အတော်ပဲမို့လေ...

အရင်ဦးဆုံး ကျွန်တော် အဟမ်းဆိုပြီး လည်ချောင်းတစ်ချက်ရှင်းလိုက်တယ်။ ပြီးတာနဲ့ တရစပ် ပြောတော့တာပဲ....

ကျွန်တော်က စစ်ကိုင်းမြို့က။ စစ်ကိုင်းမြို့ကိုမှ ရွာဘက်ကဆို ပိုမှန်တယ်။ ရွာကနေ မြို့ထဲကို ဆိုင်ကယ်နဲ့ဆို နာရီဝက်လောက်သွားရတယ်။ စစ်ကိုင်းမြို့က အရမ်းသာယာတယ်။ ဘုရား၊ စေတီပုထိုးတွေ ပေါများလွန်းလို့ ဒုတိယပုဂံလို့တောင် တင်စားထားတဲ့မြို့လေး။ စစ်ကိုင်းမှာ အပေါဆုံးကတော့ ဘုန်းတော်ကြီး၊ သီလရှင်ကြီးတွေ။ ဒါကြောင့်လည်း အလှူအတန်းလုပ်တဲ့လူတွေ ပေါများကြတယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)حيث تعيش القصص. اكتشف الآن