Unicode
"ငယ် တစ်နေ့လုံးဘာမှလဲမစားဘူး
ဘာစားချင်လဲ ကိုကိုဘာလုပ်ပေးရမလဲ""ဘာမှလဲမစားချင်ဘူး ကိုကို့ကိုလဲမမြင်ချင်တာမို့ အပြင်ထွက်နေပေးပါ"
"မနေ့ညကအတွက်စိတ်ဆိုးနေတာလား ကိုကိုနဲ့ငယ်ကလက်ထပ်ထားတာပဲကို အတူနေလို့မရဘူးလား"
"မပြောနဲ့တော့! ကျေးဇူးပြုပြီး.."
"နေရထိုင်ရမကောင်းဖြစ်နေလို့လား ဆရာဝန်ခေါ်ပေးရမလား"
"မခေါ်ဘူး! ဘာမှလဲမလုပ်နဲ့ ထွက်သွားလို့ဆိုနေ"
"ဟူးး ငယ်စားချင်တာရှိရင်ပြောနော် ကိုကိုအပြင်မှာနေနေမယ်
တစ်ခုခုမသက်မသာဖြစ်နေရင်လဲ..""သွားပါတော့ဆိုနေ! သွား.. အခန်းထဲကိုပြန်မဝင်ခဲ့နဲ့"
"အင်းပါ"
မုန်းလိုက်တာဂျွန်ဂျောင်ကုရဲ့။
မင်းအသွေးအသားတွေကိုလဲငါမုန်းတယ်။
မိန်းမတကာနဲ့ဇာတ်ရှုပ်ထားတဲ့သူက ငါ့ကိုလာပြီး ဟာကွာ!ထိုတစ်နေ့လုံး ဂျောင်ဂုဟာအပြင်တံခါးဝ၌ထိုင်စောင့်နေပြီး ထယ်ယောင်းဟာလဲအပြင်ကိုလုံးဝထွက်မလာပါ။
နောက်တစ်နေ့မနက်ရောက်မှသာ ထယ်ယောင်းကရေမိုးချိုးပြင်ဆင်ပြီး အခန်းပြင်ထွက်လာလေသည်။အခန်းအပြင်နံရံ၌မှီပြီးအိပ်နေသော ဂျောင်ဂုကိုတွေ့သောအခါ လန့်သွားရသည်။
ဘာလဲ.. ဒီမှာတစ်ညလုံးအိပ်နေတာလား။
အအေးပတ်ရင်ငါကအမှုပတ်အုံးမယ်။
တခြားအခန်းမှာသွားအိပ်လဲရတာကို။"ကိုကို မထသေးဘူးလား"
"အ အင်းးး ငယ်နိုးနေပြီလား ကိုကိုဘာလုပ်ပေးရမလဲ"
တစ်ညလုံးထိုင်လျက်အိပ်ပျော်သွားတာကြောင့် အကြောအချဥ်တွေတောင့်နေလေသည်။
နေရထိုင်ရမကောင်းပေမယ့် ငယ်ကမနေ့ကဘာမှမစားထားတာကြောင့်ဗိုက်ဆာနေမည်စိုးသည်။"ရတယ် ရေသာအရင်ချိုးလိုက်
ငယ့်ဘာသာ ပေါင်မုန့်ယိုသုတ်ပဲလုပ်စားတော့မယ်""အင်းအင်း ဒါဆို ကိုကိုရေချိုးလိုက်အုံးမယ်"
မီးဖိုထဲ၌ အေးအေးလူလူပင် စတော်ဘယ်ရီယိုအား အများအပြားသုတ်ပြီးစားကာ နွားနို့လေးထိုင်သောက်နေလိုက်သည်။
ရုံးဝတ်စုံနှင့် ကတိုက်ကရိုက်ပြေးဆင်းလာသောဂျောင်ဂု။