22*

4.7K 432 76
                                    

Unicode

သားငယ်ရဲ့၅နှစ်ပြည့်မွေးနေ့။
ချစ်ဖို့ကောင်းလှသောသားငယ်ဟာ ကျွန်တော်ကြိုက်တဲ့ ခရမ်းရောင်T shirtအင်္ကျီလေးကို ငယ်ကြိုက်တဲ့အစိမ်းရောင်ဘောင်းဘီရှည်လေးနှင့်တွဲဝတ်ထားလေတော့ အရောင်နှစ်ခုဟာ ကကျိုးကကြောင်ဖြစ်နေပေမယ့် လှပတဲ့ပေါင်းစပ်မှုလေးပင်။

"Daddy"

သားငယ်က သူအသက်ကြီးလာပြီ၊ ကလေးလိုမျိုးdadaလို့မခေါ်တော့ပါဘူးတဲ့လေ၊ ဒါတောင်အခုမှ၅နှစ်ပြည့်တာ၊ ငယ့်ကိုတော့ပါပါးပေါ့။

"ပြောစေဗျာ"

"ပါပါးကလာသေးဘူးလား"

"လာတော့မှာလေသားရဲ့
လေဆိပ်နဲ့အိမ်ကနည်းနည်းဝေးတော့ကြာနေတာပေါ့ကွဲ့"

"သားကသဲငယ်နဲ့တွေ့ချင်နေပြီကို"

စူပုတ်ပုတ်ကလေးနှင့် ခြေထောက်လေးကဟိုကန်ဒီကန်လေးလုပ်ကာပြောလာသောသားငယ်ဟာချစ်စရာကောင်းလွန်းနေပေမယ့် သားငယ်ခေါ်လိုက်သောသဲငယ်ဟာဘယ်သူများလဲ။

"သဲငယ်?  ဘယ်သူလဲအဲ့တာက"

"အာ... daddyကလဲ
​ဟွန်းဂီလေဗျာ"

"ဘယ်လို?"

ဘုရား ဘုရား..
တစ်ခြံကျော်က မိသားစုပဲ၊ အဲ့ကကောင်လေးဟာသားငယ်ထက်၅လလောက်ကြီးသည်၊ ဒါကိုဘာတဲ့ သဲငယ်?
ဂျွန်ဂျောင်ထယ်တို့လွယ်မနေပါလား။ ငါသွေးတက်ချင်နေပါပြီ။

"Daddyရာ..
ဘာတွေဒီလောက်အံ့သြနေတာတုန်း.. တော်ပြီသားအောက်ထပ်မှာ သွားစောင့်နေတော့မယ်"

စတိုင်လ်မလိုင်အပြည့်နဲ့အောက်ထပ်ဆင်းသွားသောသားငယ်ကိုကြည့်ပြီး ခေါင်းသာခါမိတော့သည်၊ မလွယ်ဘူး မလွယ်ဘူး၊ တကယ်မလွယ်တဲ့ကောင်ကလေး။

ကျွန်တော်လဲအမြန်အောက်လိုက်ဆင်းပြီး သားငယ်နဲ့အတူစောင့်နေရင်းခဏအကြာမှာပင် ကားကလေးတစ်စီးအိမ်ထဲဝင်လာလေသည်။ ငယ်ပြန်လာပြီ။

သားလေးရဲ့ ၅နှစ်ပြည့်မွေးနေ့လေးကိုလာသော ယွန်းဂီနှင့်အွန်းဆိုအား သွားကြိုပြီးပြန်လာခြင်း။

"လာကြ"

"အွန်းလေး!! ဂီဂီ!"

"ဟာာ လူချောလေးဖြစ်နေပါလား vanteလေးက"

ℝ𝔼ℙ𝔼ℕ𝕋 S2 {Completed}Onde histórias criam vida. Descubra agora