Unicode
မနေ့ထဲကပြီးရမယ့် ဓာတ်ပုံရိုက်ခြင်းဟာ ထယ်ယောင်းရဲ့အာရုံပျံ့နေမှုကြောင့်မပြီးလိုက်၊ ထို့ကြောင့်ဒီနေ့ဆက်ရိုက်ရသည်။
နှုတ်ခမ်းနီကြော်ငြာတာကြောင့် ဆွဲဆောင်မှုရှိအောင်ရိုက်ရသည်။ ရင်ဘတ်အနည်းငယ်လစ်ဟပြတာမျိုးပေါ့၊ မော်ဒယ်မလေးကလဲ နှုတ်ခမ်းအရောင်တောက်တောက်နဲ့ ခပ်မိုက်မိုက်ပုံစံလေးဝတ်ထားသည်။"ထယ်ယောင်း ကြယ်သီးတွေအကုန်ဖြုတ်လိုက်ပါလား"
"ဗျာ!"
"အဲ့တာဆိုပိုမိုက်သွားမယ်"
"အဲ့တာက.. ဟို.. မဖြစ်ဘူးဗျ"
"ဘာဖြစ်လို့လဲ ၂ပုံလောက်ပဲရိုက်မှာပါ
ဆွဲဆောင်မှုအားပြင်းပြင်းလေးပေါ့""မဖြစ်လို့ပါ တောင်းပန်ပါတယ်"
"မဟုတ်သေးပါဘူး မနေ့ထဲကအခုထိပြောရတာအဆင်မပြေဘူး ထယ်ယောင်းကဘယ်လိုဖြစ်ချင်နေတာလဲ အခုမှနာမည်ကရကာစနော်၊ ဒါမျိုးတွေနဲ့ဆွဲဆောင်ရမှာလေ
အပေါ်ပိုင်းလေးပြတာလောက်နဲ့တော့ ဘာမှဖြစ်မသွားပါဘူး"ကင်မရာသမား၏ လွန်ကြူးလာသောစကားတွေကြောင့် တစ်ချို့ဝန်ထမ်းတွေမျက်မှောင်ကြုံ့ကုန်ကြသည်။ ဘယ်လိုတောင်အဓိပ္ပါယ်မရှိလိုက်လဲ၊ အောင်မြင်ဖို့ ဖော်ချွတ်နေရမှာလား၊ သောက်ချီးပဲ။
ကိုယ့်အကြောင်းနှင့်ကိုယ်မို့ ကြယ်သီးအကုန်မချွတ်ပြနိုင်တာပါ၊ ဒီလူ့စကားကတော့တော်တော်လွန်တယ်၊ မဟုတ်မခံစိတ်လေးဖြစ်လာတော့ ထယ်ယောင်းပြန်ပြောဖို့ပြင်လိုက်စဥ်.."ဒီမှာ! ဖော်ချွတ်နေမှအောင်မြင်မှာလား
ဒါဆို ခင်ဗျားလဲ ရိုက်ကွင်းလာရင်ဘာမှဝတ်မလာနဲ့လေ ပိုအောင်မြင်အောင်လို့၊ ဒါပေမယ့်.. ခင်ဗျားရုပ်နဲ့ဆို ခွေးတောင်လှည့်မဟောင်လောက်ဘူး ဟက်"ဂျွန်ဂျောင်ဂုပြောဆိုလိုက်မှုကြောင့် ကျွန်တော်ပြောမှာတောင်လေထဲမှာပျောက်သွားရသည်။
ဟိုဓာတ်ပုံဆရာလဲမျက်နှာကြီးနီလာပြီး အတော်ဒေါသထွက်နေဟန် .."မင်းး ဘာပြောတယ်!"
"နားမကောင်းဘူးလား ပြန်ပြောပေးရအုံးမလား"
