Unicode
"ထိုင်အုံးငယ်"
"ပြော ကိုကို"
"ငယ်အပြင်ထွက်ချင်ရင်ကိုကို့ကိုပြောလေ ငယ်သွားချင်တာ၊ ငယ်စားချင်တာ၊ ငယ်လိုချင်တာတွေအကုန် ကိုကိုလုပ်ပေးမှာပေါ့"
အရင်ကဒီလိုပြောရင် ပျော်လွန်းလို့ပါးစပ်တောင်စိမရ၊ အခုတော့ ခပ်ရေးရေးသာပြုံးလိုက်ပြီး..
"ကိုကိုကလဲ ငယ့်ဘာသာလဲသွားတတ်ပါတယ် ငယ်ကအိမ်မှာနေရတာပျင်းလို့ဂျီမင်တို့ဆီသွားတာ"
"ဟုတ်ပါပြီ ထားပါ.. အဲ့တာနဲ့ပဲ ရိုက်ကွင်းကိုဘယ်လိုရောက်လာတာတုန်း"
"အဲ့တာက ဟိုဆော့ကပြောတယ် ပတ်ဆောဂျွန်းရဲ့ရိုက်ကွင်းသွားမှာတဲ့ဆိုလို့လေ ငယ်အရမ်းအရမ်းကြိုက်တဲ့မင်းသားဆိုတော့ မြင်ချင်တာနဲ့လိုက်လာလိုက်တာ"
"ကိုကို့ထက်ကိုကြိုက်တာလား"
"ဘာဆိုင်လို့တုန်း"
"ငယ်ကွာ ကိုကိုမကြိုက်တာကို"
"ကိုကိုကဘာမကြိုက်တာတုန်း"
မထီမဲ့မြင်သာပြုရင်း ဂျောင်ဂုအားပြန်လည်မေးခွန်းတွေမေးနေလိုက်သည်။
ခဏနေ အသံမာလာလိမ့်မယ်၊ သဝန်တိုမှုကြီးပေါ့၊ ဒါပေမယ့် အဲ့အဆင့်မရောက်ခင်ဖုန်းဝင်လာလေသည်။"ခဏနော်ငယ် အလုပ်ကမို့"
"ဘယ်လဲ? ဒီမှာပဲပြောလေ"
"ခဏပဲ"
အနောက်ကနေ အသာလိုက်ကာနားထောင်လိုက်တော့ မင်းသမီးဆလီနာဆိုသူနဲ့ပြောနေတာ၊ အလုပ်ကလဲ မင်းသမီးနဲ့ပေါ့။
ကြည့်ရတာတော့အခြေအနေမကောင်းလှပါ။
ဆလီနာအား ပြောဆိုနေလိုက်တာများ အခုနကပြုံးပျော်ပြီးဝင်လာကြတဲ့သူတွေမဟုတ်သလို၊ ထပ်မဆက်သွယ်တော့နဲ့တဲ့၊ ငါ့ယောက်ျားကငါ့အတွက်ပိုအရေးကြီးပါတယ်ဆိုပဲ၊ ဟာသပဲ ဂျွန်ဂျောင်ဂုရယ်။ဒေါသများစွာနဲ့ဖုန်းချလိုက်ချိန် ကျွန်တော်လဲ ဖာသိဖာသာပင် အပေါ်ထပ်တက်ရန်ပြင်လိုက်သည်။
"ငယ် စကားပြောလို့မပြီးသေးဘူးလေကွာ"
"နောက်မှပြောတော့ ပင်ပန်းနေတယ်"