14*

4.9K 451 57
                                    

Unicode

ဆေးကုန်သွားသည်အထိ ဂျောင်ဂုကနိုးမလာ၊ အရင်ကမအိပ်ခဲ့တာတွေများပေါင်းအိပ်နေတာလားပဲ၊ စောင့်နေရတဲ့သူတောင် ပျင်းလာသည်၊ ဒီတိုင်းထားခဲ့လိုက်ရမှာ။

ညနေ၅နာရီရှိပြီမို့ ဗိုက်ကလဲဆာလာလေသည်၊ ထို့ကြောင့် ဆေးရုံအနီးရှိ Cafeသို့ထွက်လာလိုက်လေသည်၊ ကိတ်နဲ့နို့အေးလေးမှာလိုက်ပြီး လမ်းသွားလမ်းလာတွေကိုကြည့်နေမိသည်။

ပင်ပန်းမှုဆိုတာ အမျိုးမျိုးသောအကြောင်းအရာတွေက အစပြုလာတာပဲ၊ လူတစ်ယောက်ဆီမှာ တစ်မျိုးဆီတော့ပင်ပန်းမှုတွေရှိနေကြမှာအမှန်၊ အကြောင်းအရာမတူတာပဲကွဲသွားမယ်၊ ကျွန်တော်လဲလူထဲကလူပေမို့ ပင်ပန်းသည်၊ အရာအားလုံးလွှတ်ချကာထွက်သွားလိုက်ချင်သည်၊ မဖြစ်သေးပါ။

Vante.. သားလေးကိုမထားခဲ့နိုင်ဘူး။

*

ထွက်သွားတဲ့သူကိုဆွဲမထားနိုင်တဲ့ အခြေအနေကြီးနဲ့အတူနိုးထလာတာကြောင့် ရင်ဘက်ကနိမ့်ချည်မြင့်ချည်နဲ့ အလန့်တကြားဖြစ်နေရသည်။

"ဟူးးး  အိမ်မက်ပဲ"

ဆေးရုံရောက်နေသည်ကိုသတိထားမိတော့မှ  အိမ်မက်လား ဘာလားမသဲကွဲစွာ ထယ်ယောင်းကသူ့ဆံပင်ကိုသပ်ပေးနေတာကို မှတ်မိနေသည်။ အိမ်မက်ပဲဖြစ်မှာပါလေ ထယ်ယောင်းမှမရှိတာ၊ ကျွန်တော့်စွဲလမ်းမှုက အဆုံးစွန်ရောက်နေပြီထင်ပါတယ်။

ထိုအချိန် ထမြည်လာသောဖုန်းသံကြောင့် ကျွန်တော့်ဖုန်းအားကြည့်လိုက်တော့ လာနေတာကျွန်တော့်ဖုန်းကမဟုတ်၊ ဘယ်သူ့ဖုန်းလဲ၊ စားပွဲထက်ကဖုန်း.. ယူကြည့်လိုက်တော့ ဟိုဆော့ဆက်နေတာ၊ ဟင်! ငယ့်ဖုန်းလား?

ပထမခေါ်ဆိုခြင်းဟာ လွတ်သွားခဲ့လေသည်။ ထပ်ပြီးလင်းလတ်လာသောဖုန်းမျက်နှာပြင်နှင့် ဟိုဆော့ကပဲထပ်ခေါ်လေသည်။
ဖုန်းကိုင်ရမလား မကိုင်ရဘူးလား ဝေခွဲမရဖြစ်နေစဥ် အခန်းထဲသို့ဝင်လာသောထယ်ယောင်းငယ်၊ ကျွန်တော်မျက်စိမှားနေတာတော့မဟုတ်ပါဘူးနော်။

"ငယ်"

"ကျွန်တော့်ဖုန်းကိုဘာလို့ကိုင်နေတာလဲ"

ℝ𝔼ℙ𝔼ℕ𝕋 S2 {Completed}Donde viven las historias. Descúbrelo ahora