16*

5.1K 481 60
                                    

Unicode

ကြော်ငြာကိစ္စကဒီနေ့နောက်ဆုံးမို့ ဂျောင်ဂုကိုစိတ်မချပေမယ့် ထားခဲ့ရသည်၊ ဂျီမင်တို့ကိုလဲအကူအညီတောင်းလို့ကမဖြစ်၊ အွန်းဆိုနဲ့သားလေးကိုပဲ ဂျောင်ဂုအနားထားခဲ့လိုက်သည်၊ စိတ်မပါပေမယ့် မနည်းစိတ်နှစ်ကာ အလုပ်ကိုအပြီးသတ်လိုက်သည်။

အကုန်ပြီးစီးသွားတော့ စားပွဲလုပ်မယ်ပြောပေမယ့် ကျွန်တော်ကတော့မလိုက်တော့ပါ၊ သူဌေးကိုလဲ မနက်ဖြန်ပြန်မလိုက်ဖြစ်သေးကြောင်းပြောပြီး ကိုယ့်ဘာသာပြန်လာခဲ့မည်ဟုပြောလိုက်သည်။

ဂျောင်ဂုအခြေအနေကိုတော့ ဝန်ထမ်းတွေကမသိကြသေး၊ မနေ့ကဆေးရုံပို့ပေးတဲ့ကောင်လေးနဲ့တော့ မနေ့ကပဲတွေ့ဖြစ်သည်၊ သူကလဲဂျောင်ဂုကိုအလုပ်ကိစ္စလာတင်ပြရင်းက  ဂျောင်ဂုရဲ့မေ့မြောနေသောကိုယ်ကိုသာတွေ့သည်ကြောင့် ဆေးရုံအမြန်ပို့လိုက်တယ်တဲ့။
နောက်ပြီး အလုပ်ပေါ်လာလို့ခဏထွက်လာလိုက်တာတဲ့၊ တခြားဝန်ထမ်းတွေကိုတော့သူမပြောရသေးဘူးတဲ့၊ ဂျောင်ဂုကအရင်လဲနေမကောင်းဖြစ်ရင် ဝန်ထမ်းတွေကိုမပြောတတ်ဘူးဆိုတာကြောင့်တဲ့ဗျာ။

သူ့ကိုလဲကျေးဇူးတင်ကြောင်းပြောပြီး ကျွန်တော်ဆေးရုံစောင့်ပေးမယ်လို့ပြောလိုက်ကာ ပြန်လွှတ်လိုက်သည်၊ အခုတော့ သူ့ဆီကိုသွားတဲ့လမ်းမှာပေါ့။

**

"အွန်းဆို
သားကအိပ်နေတာလား ဘာလို့ဂျောင်ဂုနားကပ်အိပ်နေတာတုန်း၊ အွန်းဆိုရယ် မပြောဘူးလား"

"ပြောမရလို့ပါထယ်ယောင်းရယ်
အိပ်ချင်တယ်ပြောတော့ အွန်းကသိပ်မလို့ပဲ၊ အဲ့တာကို ဂျောင်ဂုအနားအိပ်ချင်တယ်တဲ့၊ နေမကောင်းလို့အိပ်မရဘူးပြောတာကို မရဘူး၊ မျက်ရည်ကဘူးသီးလုံးလောက်ထွက်ကျလာရော၊ သူနဲ့တူတဲ့ဦးဦးအနားပဲအိပ်ချင်တယ်ဆိုပြီး တအားငိုနေလို့ အွန်းလဲဘေးနားအသာလေးချပေးထားရတာ အခုကတော့အိပ်ပျော်နေပြီ"

ထယ်ယောင်းမှာ ဂျောင်ဂုနဲ့Vanteနှစ်ယောက်အားကြည့်ကာ သားအတွက်လဲစိတ်မကောင်း၊ အခုမှတွေ့ဖူးတာကိုတောင်ခင်တွယ်နေသေးတာ၊ သူ့အဖေဆိုတာသာသိရင် သားပျော်သွားမလား?

ℝ𝔼ℙ𝔼ℕ𝕋 S2 {Completed}Tempat cerita menjadi hidup. Temukan sekarang