Unicode
ကိုယ့်ရဲ့ဌာနေမဟုတ်တော့ အခက်အခဲအနည်းငယ်ရှိပေမယ့် လိုက်လျောညီထွေဖြစ်အောင်ကြိုးစားရတာပေါ့။
အနုပညာနဲ့ပက်သတ်တာတွေကလဲ ပေါ့သေးသေးမဟုတ်တော့ အတော်ကိုကြိုးစားရသည်။ဒီရောက်တော့ နိုင်ငံရပ်ခြားကလူမျိုးတွေပဲတွေ့နေရတော့ မိတ်ဆွေမဖွဲ့တတ်သောကိုယ့်အဖို့က တကယ်ကိုအခက်တွေ့ပြန်ရော။
တစ်ခုခုသိချင်တာရှိရင် ဆရာတွေကိုသာသွားမေးနေရတယ်၊ ကြာလာတော့အဆင်မပြေလှဘူးလေ။အဲ့လိုဖြစ်နေချိန်မှာပဲ အချိန်ကိုက်ပေါ်လာသောသူ။
မင်ယွန်းဂီတဲ့။ လူမျိုးတူဖြစ်ပြီး သဘောလဲကောင်းတော့ ခဏလေးအတွင်းပဲခင်မင်သွားရတယ်။
သူကတော့ သီချင်းပိုင်းကိုလေ့လာနေတာ၊ ကျွန်တော့်ထက် ၁နှစ်ကြီးတယ်။
၁နှစ်ပဲကြီးတာမို့ hyungလို့တရိုတသေခေါ်မနေပဲ ရွယ်တူလိုသာပြောဖို့လဲပြောသေးသည်။ သူလဲမအိုသေးပါဘူးတဲ့၊ သက်သောင့်သက်သာပဲပြောပါတဲ့လေ။နယ်ပယ်ချင်းကတူတူပေပဲမို့ ကျွန်တော်မသိတာတွေဆို ယွန်းဂီကပြောပြပေးသည်။
အတူကူပြီးသရုပ်ဆောင်ပေးတယ်၊ ကျွန်တော်လဲပိုတိုးတက်လာတာပေါ့။"ယွန်းဂီ"
"အော ထယ်ယောင်း.. လာလေ"
"အလုပ်ရှုပ်နေတာလား"
"မဟုတ်ပါဘူး
ဒီလကုန် ငါတို့မေဂျာက ပွဲတစ်ခုရှိလို့လေ၊ အဲ့တာသီချင်းရေးခိုင်းထားလို့၊ ဘာကိစ္စလဲအခုက""ဘာရယ်မဟုတ်ပါဘူး ငါအတန်းပြီးသွားတော့ဒီဘက်လာလိုက်တာ"
"အော်.. အအေးမှာသောက်လေ"
"တော်ပြီ ခုနတုန်းကပဲသောက်လာတာ"
"ခဏနေ ငါတစ်ချိန်တက်ရအုံးမယ်"
"ငါအဆောင်ပဲပြန်တော့မယ်
မနက်ဖြန်ကျရင်တော့ မမေ့နဲ့နော်၊ အတူလိုက်ခဲ့ပေး""အင်းပါ သိပါတယ်"
"ဒါဆို ငါပြန်တော့မယ်"
"ဂရုစိုက်သွား"
ကင်မ်ထယ်ယောင်း။ ကျွန်တော့်ညီငယ်လေးလိုပဲ။
ထယ်ယောင်းကသဘောကောင်းတယ်၊ ဖော်ရွေတယ်၊ တော်လဲတော်တယ်၊ ဒါပေမယ့် အမြဲတမ်းဆွေးရိပ်သန်းနေတဲ့မျက်ဝန်းတွေကိုတော့ ကျွန်တော်မကြိုက်ဘူး။
သူရီပြုံးနေပေမယ့် အပြည့်အဝပျော်နေတာတော့မဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။
ဘာကိစ္စတွေရှိနေလဲမေးရလောက်အောင်ထိကလဲ ကျွန်တော်တို့သိတာက၁လလောက်ပဲရှိသေးလို့ ဒီလိုစည်းဘောင်ကျော်တဲ့မေးခွန်းမျိုးကမသင့်တော်ဘူးလေ။
ဘာပဲဖြစ်ဖြစ် အပြည့်အဝပျော်စေချင်တာတော့အမှန်ပဲ။
