Unicode
ကံကြမ္မာတစ်ပတ်လည်လာချိန်တွင် သူနဲ့ကျွန်တော် ၃နှစ်အကြာမှာ ပြန်တွေ့လေသည်။
သူ့ပုံစံတွေအများကြီးပြောင်းလဲသွားသည်။
ရှုပ်တတ်တဲ့အကျင့်တွေပျောက်မပျောက်တော့မသိ။ ထားပါ အလကားအရာတွေ။
ထိုသူအားမသိတဲ့သူတစ်ယောက်အဖြစ်သာသတ်မှတ်ရင်း နှုတ်ဆက်လိုက်လေသည်။"မင်္ဂလာပါ ကျွန်တော်က ကင်မ်ထယ်ယောင်းပါ"
"ဂျွန်ဂျောင်ဂုပါ"
ကမ်းပေးလာသောလက်အား မထိတထိသာကိုင်လိုက်သည်။
အသားချင်းကိုမထိချင်တာ။
သူကတော့ကျွန်တော့်အား နွမ်းလျလျကြည့်နေသည်၊ ဒါမျိုးတွေမတိုးတော့ဘူး ဂျွန်ဂျောင်ဂုရဲ့။အလုပ်ကိစ္စကို သူတို့အကြီးအကဲတွေချင်းပြောနေကြလေသည်။
ရက်တွေ၊ အချိန်တွေသတ်မှတ်ပြီး ကြော်ငြာအတွက်အကုန်အဆင်ပြေသွားကြသည်။
မနက်ဖြန်တစ်ရက်အနားရမယ်တဲ့၊ သဘက်ခါမှအလုပ်ကစမယ်။ တစ်ပတ်ကျော်ကြာမယ်။"ဒါဆို.. ခွင့်ပြုပါအုံး CEO Jeon"
"ကောင်းပါပြီဗျာ"
ကျွန်တော်ကတော့နှုတ်ဆက်မနေတော့ဘူးလေ၊ တစ်ခါနှုတ်ဆက်ရင်ပြီးရောပေါ့။
မျက်လုံးချင်းတောင်မဆုံတော့ပဲ ထွက်လာလိုက်တော့သည်။"အများကြီးပြောင်းလဲသွားပါလားငယ်~"
ဆံပင်အညိုလေးအလယ်ခွဲလေးတွေက ကပိုကရိုနဲ့ဟိုတစ်စဒီတစ်စ၊ ပေါ်နေတဲ့တဲ့နဖူးလေးကလဲဝင်းမွတ်လို့၊ ရွှေနားကပ်ဝတ်ထားသည်ကလဲ အသားအရည်နဲ့လိုက်ဖက်နေသည်။
ရိုးရှင်းလှစွာ shirtအညိုကို ဘောင်းဘီအဖြူတွင်းသို့ထည့်ဝတ်ထားသည်ကလဲ ဆွဲဆောင်အားပြင်းနေလေသည်။တကယ်ပါ ငယ်အရမ်းလှလာတယ်။
°
°
°"ဟိုဆော့!"
"ဟင်~ ထယ်ယောင်း!"
ဝမ်းသာကြီးစွာပင် အားရပါးရကိုဖက်ထားမိသည်၊ လွမ်းနေလိုက်ရတာ။
"ဘယ်တုန်းကရောက်တာလဲ၊
မပြောဘူး လာကြိုမှာပေါ့""ကုမ္ပဏီကသူတွေနဲ့အတူလာရတာလေ အဲ့တာကြောင့် မင်းတို့ကိုမခေါ်တော့တာ၊ ရောက်တာကတော့ အခုမနက်ကပဲ"
![](https://img.wattpad.com/cover/270136143-288-k235368.jpg)