3*

5.1K 495 53
                                    

Unicode

မနေ့ညကကိစ္စအား အစမဖော်ပဲ မသိသလိုသာနေလိုက်သည်၊ သူကတော့မျက်နှာမကောင်း။ မျက်နှာမကောင်းတာမြင်ရတော့ပျော်လိုက်တာဆိုတာ။ ငါအဲ့လောက်ထိမင်းရဲ့မပျော်ရွှင်မှုကိုလိုလားနေတာ။

"ကိုကို"

"အင်း ငယ် ပြောလေ"

"ကုမ္ပဏီကိုလိုက်မယ်"

"ငယ်ရယ် ဟိုမှာကကိုကိုအလုပ်ပဲလုပ်နေမှာဆိုတော့ ငယ်ပျင်းနေပါမယ်"

"ခွင့်တောင်းနေတာမဟုတ်ဘူး လိုက်မယ်လို့ပြောတာ အဝတ်သွားလဲအုံးမယ် စောင့်နေ"

တစ်ခါတလေမှသာ ဂျောင်ဂုကုမ္ပဏီသို့လိုက်သွားဖူးသည်။ ၁နာရီတောင်ပြည့်အောင်မနေဖူးသေး၊ ဒီနေ့တော့တစ်နေကုန်ဒုက္ခပေးပစ်မယ်။

သူ့အဖေ၊ အမေတွေနဲ့အဆင်မပြေတော့ သူ့ဘာသာကြိုးစားပြီးကုမ္ပဏီတစ်ခုဖြစ်လာအောင်ကြိုးစားတာကိုတော့ တကယ်ချီးကျူးပါတယ်။ ဒါပေမယ့်လဲ ဒါတွေကဘာလုပ်ရမှာလဲနော်၊ သောက်ချိုးမှမပြေတာ။

"သွားမယ်လေ"

"အင်းအင်း"

**

ကုမ္ပဏီကိုရောက်ရောက်ချင်း အစည်းအဝေးရှိတယ်ဆိုတာကြောင့် ဂျောင်ဂုကကျွန်တော့်အား အခန်းထဲကစောင့်နေရန်ပြောကာသွားလေသည်။

ဒါနဲ့ပဲ အခန်းထဲကဆိုဖာပေါ်လှဲကာဖုန်းသုံးနေလိုက်သည်။ တကယ်လဲပျင်းစရာကောင်းပါပေတယ်။ ဒါပေမယ့် အနှောင့်အယှက်ဖြစ်အောင်တော့လုပ်ရမယ်လေ။

ဆိုဖာနဲ့စားပွဲနေရာချထားပုံက ထောင့်ကျသည်။ တံခါးပေါက်ကဝင်လာလျှင် ချက်ချင်းဆိုသလိုသတိမထားမိနိုင်။

အခု ကောင်မလေးတစ်ယောက်ဝင်လာပြီး ဂျောင်ဂုရဲ့ CEO ဖန်ပြားကိုကိုင်ပြီး ပြုံးနေလေသည်။ နောက်ပြီးပြောလိုက်သေးတာ..
"CEOအနားအနီးကပ်နေခွင့်ရတာတကယ်ကိုပျော်တာပဲသိလား"တဲ့၊ ဒါကကောဘာဇယားတုန်းပဲ။

သူမကိုတော့ကုမ္ပဏီမှာမတွေ့ဖူးသေး၊ ဝန်ထမ်းအသစ်များလား။ အဟားး ကင်မ်ထယ်ယောင်းနဲ့တွေ့ပြီပေါ့ကွာ။

"အဟမ်း!"

"အမလေးး! လန့်လိုက်တာ ရှင်ကဘယ်သူလဲ ဘာလုပ်နေတာလဲ"

ℝ𝔼ℙ𝔼ℕ𝕋 S2 {Completed}Donde viven las historias. Descúbrelo ahora