19*

4.7K 432 42
                                    

Unicode

မျက်စိရှေ့ကသောက်ကျိုးနည်းမြင်ကွင်းဟာ တကယ် ကန့်လန့်ဆန်စွာဝင်ရောက်လာတယ်၊ မပြောချင်လို့သာ ဖုန်းသုံးနေရင်းမသိသလိုနေနေတာ၊ ဒါကိုအရစ်ရှည်နေသော သူနာပြုမ။

အကြောင်းကတော့ မနေ့ကနှုတ်ခမ်းနီအကြောင်း၊ နှုတ်ခမ်းနီကသူမဟာ၊ သားငယ်ဆော့ဖို့ ဂျောင်ဂုကငှားလိုက်တယ်၊ အခုကတော့နှုတ်ခမ်းနီက ပျက်စီးသွားပြီ၊ ဂျောင်ဂုကပြန်ဝယ်ပေးမယ်လို့ပြောတယ်၊ ဒီထိကဟုတ်တယ်၊ သားလုပ်လို့ပျက်စီးသွားလို့ပြန်ဝယ်ပေးတာ။

အတော်အားယားနေတဲ့သူနာပြုကတော့မပြီး၊ သားငယ်အား ပါးလေးဆွဲလိုက်၊ ဆံပင်လေးဖွလိုက်နဲ့၊ သားကချစ်ဖို့ကောင်းလိုက်တာ၊ ဒီကလူနာနဲ့အရမ်းတူတာပဲ ဘာညာသာတကာလေများနေတာ၊ သားငယ်ကတော့ဆူပုတ်လို့၊ သူ့ကိုသူစိမ်းကဆံပင်ဖွတာမျိုးသူမကြိုက်၊ သူသဘောကျပြီးရင်းနှီးတဲ့သူလုပ်မှသာ သူကငြိမ်ခံတတ်တာ။

ဂျောင်ဂုကတော့ အင်း၊အဲ ပဲ စကားကိုသေချာမပြော၊ လေကြောရှည်မက လူနာတွေမကြည့်တော့ဘူးလားမသိ၊  ကြည့်နေရင်းက သည်းမခံနိုင်တော့သောစကားအား မေးလာတာကြောင့် အတော်ပင်စိတ်အချဥ်ပေါက်သွားရသည်။
"သားလေးမေမေကော"တဲ့။

သားငယ်ကတော့ မျက်လုံးလေးကလယ်ကလယ်နဲ့၊ ဘာပြန်ဖြေတတ်မှာတုန်း၊ ကျွန်တော်နဲ့ဂျောင်ကုရဲ့ ဆက်ဆံရေးကိုတောင် သူသေချာသိမည်မဟုတ်၊ အမေဆိုတာမျိုးကလဲ မွေးတည်းကသူသိထားတဲ့အရာမှမဟုတ်တာ။

"မေမေ? ရှိဘူး..  teteရှိတယ် dadaရှိတယ်"

"ကလေးလေးက မေမေမရှိဘူးလား
ငယ်ငယ်လေးရှိသေးတာကိုကွယ် မမကစိတ်မကောင်းလိုက်တာ"

"ဘာမှစိတ်မကောင်းဖြစ်ပေးစရာမလိုဘူး"

တည်ငြိမ်စွာပင်ထွက်ပေါ်လာသောထယ်ယောင်းအသံ။

"ကလေးကအမေမရှိတော့ စိတ်မကောင်းလို့ပါ"

"အင်း အမေမရှိတာတော့ဟုတ်တယ်
ဒါပေမယ့် အဖေနှစ်ယောက်ရှိတယ်"

"ရှင်?"

"အော ကျွန်တော်ကသားငယ်ရဲ့မွေးအဖေ၊ ဒါကလဲ ဒီကလေးရဲ့အဖေ၊ အဲ့တော့ သူနဲ့ကျွန်တော်ဘယ်လိုပက်သက်လဲဆိုတာ သိပြီလား"

ℝ𝔼ℙ𝔼ℕ𝕋 S2 {Completed}Onde histórias criam vida. Descubra agora