Unicode
၃နှစ်အကြာမှာ ကျွန်တော်ဟာနာမည်အနည်းငယ်ရလာသည်။
ကျောင်းတွင်လဲ ကျွန်တော့်အားပိုးပန်းကြသူများရှိလာသည်။
အရင်က နဖူးတော်လေးကိုအုပ်ကာ လုံးလုံးလေးထားခဲ့သောဆံပင်ဟာ အခုဆိုရင်တော့အသွင်ပြောင်းလိုက်ကာ နဖူးလေးဖော်ပြီးအလည်ခွဲလေးနဲ့ပေါ့။ အနောက်ဆံပင်လေးကရှည်နေပြီး Mullet hairလေးပေါ့ဗျာ။
ဆံပင်ကိုလဲအညိုရောင်ပြောင်းထားသည်။
အရောင်တောက်တောက်တွေသိပ်မဆိုးချင်တာလဲပါတာမို့ အညိုရောင်သာဆိုးထားလိုက်သည်။ထိုအရာတွေထပ်ပိုထူးခြားသောအခြေအနေတွေကိုလဲ ရင်ဆိုင်ခဲ့ရသေးသည်။
အဲ့အကြောင်းတွေးမိတော့ ဝမ်းသာဝမ်းနည်းခံစားချက်ကြီးဖြစ်ပေါ်လာသည်။
ဘာကြောင့်များ ဒီလိုအချိန်မှာမှဖြစ်လာရသလဲပေါ့။အတွေးစတွေဖြတ်ပြီး လာကြိုသောကားအနက်ပေါ်တက်ကာ modelလုပ်ပေးရမယ့်ကုမ္ပဏီသို့သွားလိုက်သည်။
ဒီနေ့ Photo shootingပဲရှိတာမို့ အနည်းငယ်တော့သက်သာမည်။
ကမ်းလှမ်းသောကုမ္ပဏီတွေများတာကြောင့် အခက်တွေ့ပေမယ့် လက်ခံလိုက်တာကများသည်။ ဒါမှလဲ ပိုပြီးလူသိများလာမယ်မဟုတ်ပါလား။
သိစေချင်တဲ့သူလဲအမြန်အဆန်သိမယ်လေ။"ထယ်ယောင်း ဒီsuitလေးဝတ်ထားလိုက်နော်
အဆင်သင့်ဖြစ်ရင်ပြော၊ အစ်မကအအေးသွားဝယ်လိုက်အုံးမယ်""ဟုတ်ကဲ့အစ်မ"
အခုမှအနုပညာခရီးအစမို့ မန်နေဂျာတွေ၊ စတိုင်လစ်တွေ ကိုင်ပိုင်မရှိသေး၊ ဒါကလဲစိတ်သက်သာရာရပါတယ်လေ၊ မဟုတ်ရင် စိတ်ရှုပ်ရအုံးမယ်၊ သူများကဆင်ပေးတာကိုငြိမ်ခံနေရတော့မှာမဟုတ်လား။
အဝတ်လဲပြီးတော့ မိတ်ကပ်လိမ်းရန်နှင့် ဆံပင်ပုံပြန်သွင်းရန်သာလိုတော့သည်။
မိတ်ကပ်လိမ်းပေးသောအစ်မကရောက်နှင့်နေပြီဆိုတာကြောင့် မိတ်ကပ်ခန်းသို့ထွက်လာလိုက်သည်။အသားအရည်ကောင်းတာကြောင့်မိတ်ကပ်သိပ်မလို၊ ခပ်ပါးပါးသာလူးပြီး နားတစ်ဖက်သို့ရွှေနားကပ်တစ်ဖက်ပန်ပေးသည်။
ဆံပင်ကိုအကျအနလှန်တင်ထားပြီး နဖူးထက်ဆံစတစ်စလောက်ချထားသည်။