Unicode
အိမ်သို့ဘယ်လိုဘယ်ပုံကားမောင်းလာသည်မသိ၊ လူဟာအလဲလဲအပြိုပြို၊ သူ့ဘဝကြီးကိုဆုံးရှုံးလိုက်သလိုခံစားမှုကြီး။
မဖြစ်နိုင်တာ ထယ်ယောင်းကအဲ့လိုမျိုး.. နောက်တစ်ယောက်ဆိုတာမျိုးက မဟုတ်လောက်ပါဘူး။အပြုံးတွေကတောက်ပလွန်းလို့ သဘောကျလိုက်တာအရမ်းပါပဲ၊ ကိုယ့်ကြောင့်ဖြစ်တည်လာတာမျိုးလဲမဟုတ်၊ ကိုယ့်ကိုပြုံးပြနေသည်လဲမဟုတ်တော့ ဒီရင်ဘတ်ထဲနာကျင်မှုတွေသာ၊ ငါရူးတော့မယ်ငယ်ရယ်.. ရူးတော့မယ်.. ကျေးဇူးပြုပြီး ပြန်လာပေးပါတော့။
ကိုယ်အခုနောင်တတွေတစ်ပွေ့တစ်ပိုက်နဲ့ ရင်ထဲမှာတင်းကြပ်လွန်းလို့ ပေါက်ကွဲတော့မလိုပဲ၊ မင်းကိုချစ်လွန်းလို့ မင်းကိုမဆုံးရှုံးချင်ဘူး။
ဒါကြောင့်ကွာရှင်းတာကိုလဲ အခုချိန်ထိလက်မခံပေးပဲ ကျွန်တော်ပေနေခဲ့တာ၊ ထယ်ယောင်းကလဲစကားစမလာတော့ မသိသလိုသာနေလိုက်သည်။ ကျွန်တော့်တစ်ဖက်သတ်အတွေးနဲ့သာဆို ကျွန်တော်တို့နှစ်ယောက်ကသက်ဆိုင်ပါသေးသည်။
ပြင်းရှပူပြင်းလှသော အရက်၊ ထိုအရက်ကသာကျွန်တော့်နာကျင်မှုတွေကို ဖြေဖျောက်ပေးတာ၊ ဒီနေ့တစ်ရက်တော့ မူးပါရစေ၊ ဒီနေ့တစ်ရက်တော့ အရာအားလုံးမေ့ပျောက်ပါရစေ၊ ချစ်တယ် ယောင်းငယ်။
***
ပင်ပန်းနေပြီမို့ ရေမိုးချိုးကာ အိပ်ယာထက်လှဲချလိုက်သည်၊ နောက်ထပ်ရက်နည်းနည်းပါပဲ၊ အဲ့တာပြီးရင် Canadaပြန်မယ်၊ အိမ်ကဆည်းလည်းလေးကိုလဲလွမ်းနေပြီ၊ အလုပ်တွေကြောင့်အချိန်မပေးနိူင်တာကိုလဲ အားနာလှသည်။
"အလွမ်းပြေလေး ဖုန်းခေါ်အုံးမှာပါ"
တတူတူအသံကြားနေပေမယ့် ဖုန်းကမကိုင်၊ ထပ်ခါထပ်ခါခေါ်နေမိပေမယ့် ဖြေဆိုမယ့်သူမရှိ၊ ရင်ထဲထိတ်ခနဲ၊ တစ်ခုခုများဖြစ်လို့လား!?
လက်သည်းကိုတတိတိကိုက်ကာ ဖုန်းကိုသာဆက်တိုက်ခေါ်နေမိသည်။ အခုဆိုအခါ၂၀လောက်ရှိနေပြီ၊ နောက်တစ်ခါခေါ်တော့မှာ တစ်ဖက်ကဟယ်လိုအသံကြားရတော့သည်။