❤️

159 24 2
                                    

Uni

အေးစက်တောင့်တင်းနေသောခုတင်ပေါ်တွင် အသက်မျှင်းမျှင်းလေးရှူနေသော ကောင်လေးတစ်ယောက်ရှိသည်။ သူ့ဘေးမှာဘယ်သူမှလည်းမရှိသလို စိတ်ပူပေးမည့်လူကလည်း မရှိသလောက်။ ရုတ်တရက် အခန်းတံခါးကပွင့်လာကာ ဝမ်းသာသောအမူအရာရှိနေသည့် ဆရာဝန်မလေးက အခန်းတွင်းသို့ဝင်ရောက်လာသည်။ အိပ်ပျော်နေသည့်ဟန် မှိန်းနေသည့်ကောင်လေး၏ပုခုံးကိုအသာအယာဖိကာ မျက်လုံးတွေကိုပွင့်စေလိုက်သည်။

"မောင်လေး နှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာပြီ။"

ခပ်မှေးမှေးပွင့်လာသောမျက်လုံးတွေသည် အတန်ငယ်မျှပြူးကျယ်သွားသည်။

"တကယ်လား ဆရာမ ဒါ.....ဒါပေမဲ့ ကျွန်တော့်မှာ......."

"ဟာ.......အဲဒီအတွက်လည်း မပူပါနဲ့။ အလှူရှင်ကလေးမလေးရဲ့အမေက ခွဲစိတ်စားရိတ်တောင် အကုန်အကျခံပေးမယ်တဲ့။ မင်းအသက်ရှင်နိုင်ပြီ ညီလင်း။"

"တကယ်လားဆရာမ"

"ဒါပေါ့ တကယ်ပေါ့ မောင်လေးရဲ့။"

"ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။"

ခုတင်ထက်ကကောင်လေးက ဖြူဖျော့နေသောနှုတ်ခမ်းတစ်စုံနှင့် အားနည်းနေပုံရသောခန္တာကိုယ်ကိုထူမကာ လက်အုပ်ချီသည်။ ဒေါက်တာမလေးက ပြုံးကာ ခေါင်းခါရင်း အခန်းပြင်ဘက်ထွက်သွားလေသည်။ ကျန်ခဲ့သည့် ကောင်လေး၏မျက်လုံးထဲတွင် ခေါင်းပြူလာပြီဖြစ်သော မျှော်လင့်ချက်နှင့် ပျော်ရွှင်ခြင်းအပိုင်းအစကိုတွေ့မြင်နေရသည်။

ကျွန်တော်တို့အတွက် ဘာမှမဟုတ်သောရှင်သန်ခြင်း၊ တန်ဖိုးမရှိဘူးဟုထင်ထားသော ရှင်သန်ခြင်းသည် တပါးလူတွေအတွက်တော့ အလွန်တရာမှတန်ဖိုးရှိသော အရာဖြစ်သည်။

"ဒေါက်တာ"

"ရှင့်"

"ကျွန်တော့်ကိုလှူတဲ့ကလေးမလေးက ဘာရောဂါနဲ့လဲဟင်။"

ဆရာဝန်မလေးက စိတ်မကောင်းသလို ခေါင်းငုံ့၏။

"ကလေးမလေးက မိန်းကလေးရောဂါပါ။ သွားကြည့်ချင်လို့လား။"

ဒေါက်တာမလေး၏အမေးကို ညီလင်း စိတ်လိုလက်ရခေါင်းညိမ့်သည်။ ကိုယ့်အသက်သခင်ကျေးဇူးရှင်လေးကို မဆုံးပါးခင် ကျေးဇူးတင်စကားပြောချင်မိသည်မဟုတ်လား။

OɴᴇSʜᴏᴛs Bʏ PɪᴄᴋWhere stories live. Discover now