Uni
အတည်ကျခြင်းဆိုတာ ဘာများလဲ။ မွေးတဲ့နေရာမှာ၊ ဒါမှမဟုတ် အဆင်ပြေရာနေရာမှာ စွဲမြဲနေထိုင်ပြီး အလုပ်တစ်ခုခုနဲ့ နှစ်ပါးသွား၊ အချိန်တန်ရင် ချစ်တဲ့သူကို အိမ်ခေါ်လာတဲ့ ယဉ်ကျေးမှုများလား။ ဒါဆိုရင်တော့ ယိမ်းမှာ ဘာအတည်ကျခြင်းမှ မရှိဘူးဟုပြောရမည်။
ကင်မရာတစ်ခုကို လည်ပင်းမှာချိတ်၊ ယောကျ်ားအင်္ကျီပွပွကြီးဝတ်ပြီး ဦးထုတ်အကြီးကြီးဆောင်းထားတတ်တဲ့ ယိမ်းမှာ အတည်ကျခြင်းဆိုတာ မရှိခဲ့။ ဆံပင်လည်ထောက်၊ အသားဖြူဖြူနှင့် ပြုံးမပြတတ်တဲ့သူမကို နေရာအနှံ့မှာ တွေ့နိုင်သည်။ ဈေးတွေထဲမှာ၊ တက္ကသိုလ်တွေထဲမှာ၊ ပန်းခြံထဲမှာ၊ နယ်စပ်မှာ၊ မြို့ကြီးပြကြီးတွေမှာ ဟိုမှာသည်မှာ နေရာအနှံ့။
ဒီနေ့ ဒီနေရာမှာ ရှိပေမဲ့ နောက်နေ့ ဟိုနေရာ ရောက်သွားနိုင်တဲ့သူကလည်း သူမ တစ်ယောက်တည်းပဲ ဖြစ်ပေမည်။ သူမကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ကင်မရာကို လည်ပင်းမှာချိတ်၊ လွယ်အိတ်အသေးလေးတစ်လုံးနဲ့ မပြုံးမရယ် သွားလာနေတုန်း။
ကမ္ဘာကြီးက ကျယ်ပြောလှသည်။ လောကကြီးနှင့်ယှဉ်လျှင် သူဟာ သေးငယ်သော တည်ရှိမှုလေးဖြစ်လိမ့်မည်။ ၈လက်မတောင် မပြည့်သော ခြေဖဝါးလေးတစ်ခုအတွက် မိုင်ပေါင်းသိန်းသန်းချီကျယ်ဝန်းသော ကမ္ဘာမြေသည် သွားလာစရာနေရာ များစွာ ရှိပေလိမ့်မည်။ သူကလည်း နေရာအနှံ့ကိုပင် သွားသည်။
အသားဖြူလူမျိုးတို့ ဌာနီ၊ အသားဝါလူမျိုးတို့ ဌာနီ၊ ချောကလက်ရောင်လူမျိုးတို့ ဌာနီ၊ အပူပိုင်းဒေသ၊ သမပိုင်းဒေသ၊ အအေးပိုင်းဒေသ၊ တောင်ပေါ် မြေပြန့် သဲကန္တာရမကျန် သူမရဲ့ ခြေဖဝါးနုနုတွေက နေရာမရွေးခဲ့။ သူမဟာ သစ်ရွက်လေးတစ်ရွက်လို လေနှင်ရာ လွင့်နေခဲ့သည်။ သူမပိုင် Home-Busလေးကို မောင်းရင်း ဒီလိုပဲ သူမ လေလွင့်လျှက်ရှိသည်။
ပိုက်ဆံအတွက်တော့ ပူစရာမလို။ သူမက စာရေးသည်။ ဓာတ်ပုံရိုက်သည်။ အသက်မွေးဝမ်းကျောင်းသည် သူမအတွက် မခက်ခဲ။ ဒီတော့ လွင့်ချင်ရာ လွင့်နေလို့ဖြစ်သည်။ မျောချင်ရာ မျောနေလို့ရသည်။ ဘဝအဓိပ္ပာယ်ကို သူ မရှာချင်တော့။ အတည်ကျခြင်းကို သူ မလိုလားတော့။ အိမ်ရာတည်ထောင်မှုတို့၊ ချစ်ခြင်းတရားတို့ သူ ဘာမှအလိုမရှိတော့။
KAMU SEDANG MEMBACA
OɴᴇSʜᴏᴛs Bʏ Pɪᴄᴋ