Uni
"ကိုယ့်ကိုလက်ထပ်ပါလား အတာ"
"ကောင်းပါပြီ ငါ.......နင့်ကို လက်ထပ်မယ်"
စကားသံနှစ်ခုရဲ့အဆုံးမှာတော့ ပြုံးရွှင်သွားသည့်ကောင်လေးရှိနေသလို တစ်ခုခုကိုစဉ်းစားနေသလို ထုံထိုင်းထိုင်းကောင်မလေးလည်းတည်ရှိသည်။
"ဒီလိုဆို ကိုယ် မိဘတွေကိုပြောလိုက်တော့မယ်နော်။ သွားတော့မယ် အတာ။ ကျေးဇူးပါ"
"ရပါတယ်ဟာ"
ထွက်သွားသောကောင်လေး၏မျက်နှာပေါ်မှ အပြုံးသည်လတ်ဆတ်ပြီးကြည်လင်နေသလောက် ကောင်မလေးကတော့ ခပ်ယဲ့ယဲ့အပြုံးလေးကိုသာပြုံးနိုင်ရှာသည်။ သက်ပြင်းတစ်ချက်ချကာ ကန်ရေပြင်ကြီးကိုကြည့်လိုက်သည်။ ဒီဆုံးဖြတ်ချက်အတွက် သူမ နောင်တမရမှာသေချာပါသည်။ လွယ်အိတ်လေးထဲမှ ဘောပင်အခွံလေးတစ်ခုကိုထုတ်ယူကာ သေသေချာချာကြည့်သည်။ ဤဘောပင်ခွံပိုင်ရှင်လေးသည် သူမ နှလုံးသားနှင့်ချစ်ရသူဖြစ်သည်။ သို့သော် မိန်းကလေးဘက်က တဖက်သတ်အချစ်ဆိုတာမျိူးက ဘယ်လောက်များဘောင်ဝင်နေလို့လဲ။ ဖွင့်ပြောလို့လဲမရ။ ဘာမှလုပ်လို့လဲမရနဲ့ ဒီအတိုင်းထိုင်ကြည့်နေရတဲ့ ခပ်နင့်နင့်အချစ်မျိုးလေ။
ဘောပင်ခွံလေးကို ထိုင်ခုံဘေးမှ အမှိုက်ပုံးလေးထဲသို့ သေချာစွာစွန့်ပစ်လိုက်သည်။ အခုတော့ သူမ ဒီအခွံလေးကိုစွန့်ပစ်ရမဲ့အချိန်ရောက်လာပါပြီ။ နှစ်ပေါင်းများစွာ မေ့ပစ်ဖို့၊ စွန့်ပစ်ဖို့ ကြိုးစားခဲ့သော်ငြား မေ့မရခဲ့သော သူမချစ်ရသူကို မဖြစ်မနေစွန့်ပစ်ရမဲ့အချိန်ပေါ့။ နောက်ကိုလှည့်ကြည့်လိုက်တော့ ကားထဲရောက်သွားပြီဖြစ်သော ခန့်ညားက သူမ ဘက်ကိုလှည့်ပြီး လက်လှမ်းပြတာကို မြင်လိုက်ရသည်။
ခန့်ညားကတော့ သူမကို ချစ်နေတဲ့ကောင်လေးတစ်ယောက်။ ဘယ်လိုပင်ပြန်မချစ်နိုင်ကြောင်း အခါခါငြင်းသော်လည်း အနားမှာပဲ ကပ်နေခဲ့တဲ့တစ်ဦးတည်းသောကောင်လေး။ စာတော်သလို မိဘအသိုင်းအဝိုင်းကအစ မိန်းကလေးတစ်ယောက် အားကိုးနိုင်သည့်အရည်အချင်းများနှင့်ပြည့်နေသည်။ နှစ်ပေါင်းများစွာ သူမ အနားမှာ အရိပ်လိုရှိပေးခဲ့သည့် ခန့်ညားကို သူမ ဒီလောက်တော့ ပြန်ပေးရမည်မဟုတ်လား။ သူမ စိတ်ကို အလုံးစုံသိနေသည့်ခန့်ညားကတော့ တခါတလေနှစ်သိမ့်ရှာသည်။
ESTÁS LEYENDO
OɴᴇSʜᴏᴛs Bʏ Pɪᴄᴋ