Waiting

323 44 5
                                    

Uni

(စောင့်ဆိုင်းခြင်း)

နှစ်မြွာမစုံတော့တဲ့စွယ်တော်ရွက် တစ်ပိုင်းတစ်စကိုမြင်ရရင်ခင်ဗျားတို့ဘယ်လိုခံစားရလဲ။ ဒါမှမဟုတ် အဲဒီစွယ်တော်ရွက်အပိုင်းလေးနေရာမှာခံစားကြည့်ဖူးလား။ ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတဲ့အရာတစ်ခုပဲ့ထွက်သွားတဲ့အခါ ရလာတဲ့နာကျင်မှု......။ ဒါကိုဘယ်လိုပြောရမလဲ။ ပါးစပ်ဖျားနဲ့တောင်မဆန့်တော့တဲ့ ခပ်နင့်နင့်ခံစားချက်။

ဒီလိုခံစားချက်မျိုးကို ဂိုး လည်းခံစားနေရသည်။ မျက်ရည်တောင်မထွက်နိုင်တော့တဲ့အထိ ရင်ဘတ်ကြီးထဲမှာစို့နင့်နေသည်။ မျက်လုံးကခြောက်သွေ့နေသော်ငြား သူ့တစ်ကိုယ်လုံးသည် အသက်မရှိသည့်နှယ် တောင့်တောင့်ကြီးဖြစ်နေသည်။ ဘယ်မှမရွေ့ဘဲ တစ်နေရာထဲကိုပဲ စူးစိုက်ထားတဲ့ သူ့မျက်ဝန်းတွေက ခံစားချက်မရှိသည့် မျက်မမြင်တစ်ယောက်နှယ် အသက်မဲ့နေသည်။

သူ့မျက်ဝန်းတွေဦးတည်ရာမှာတော့ အိပ်နေသလားဟုထင်ရလောက်အောင်‌ အေးချမ်းစွာငြိမ်သက်သွားသော အလောင်းတစ်လောင်းရှိနေသည်။ ဟင့်အင်း။ ဂိုးသူ့ကိုအလောင်းဟု မသုံးနှုန်းချင်သေးပါ။ သူက ဂိုးချစ်သူလေ။ ဂိုးရဲ့တစ်ဦးတည်းသော ချစ်သူပဲလေ။ အလောင်းဟူသော ရင့်ရင့်သီးသီးအသုံးအနှုန်းကြီးကို ဂိုးဘယ်လိုမှ လက်မခံနိုင်သေး။ သူက အသက်ရှိနေပါသေးသည်။ လှို့ဝှက်ဆန်းကျယ်ဝတၳုတွေထဲကလို နောက်ပြီး ဂမ်ဘီရဂျာနယ်တွေထဲကလို အသက်ရှူခဏရပ်တာကို သေတယ်လို့အထင်မှားမိတာနေမှာပါ။ သူပြန်ထလာမယ်လို့ ဂိုးယုံတယ်။ ဘယ်သူမှမယုံလဲဂိုးယုံတယ်လေ။

"ဒေါက်ဒေါက်.....ဒေါက်။ အစ်ကိုလေးရေ ဧည့်သည်တွေလာတယ်။"

"ဪ.......အင်း။ ဂိုးထွက်မတွေ့နိုင်သေးဘူးလို့ ပြောပေးပါ ဦးနေ ။ ဂိုး ကိုကိုနိုးလာအောင်စောင့်နေတာ။ ကိုကိုနိုးလာလို့ ဂိုးကိုမတွေ့ရင် ဝမ်းနည်းနေမှာ။ ဒါမှမဟုတ် ကိုကိုကဂိုးမရှိတဲ့အချိန်နိုးလာလို့ ဂိုး မတွေ့လိုက်ရရင်ရော? မဖြစ်ပါဘူး ဦးနေရာ။ အကုန်လုံးကို ဦးနေပဲစီမံလိုက်ပါ။ ဂိုးမတွေ့နိုင်သေးဘူး။"

OɴᴇSʜᴏᴛs Bʏ PɪᴄᴋWhere stories live. Discover now