DREAM

216 22 2
                                    

Uni

နေဝင်တော့မဲ့ ညနေခင်းတစ်ခု ဖြစ်မယ်။ နေလုံးကြီးက ကောင်းကင်ပေါ်က အမြန်ပြေးဆင်းသွားတယ်။ တောင်တွေအောက်မှာ... သမုဒ္ဓရာတွေထဲမှာ... သူကိုစောင့်နေမဲ့ သူတစ်ယောက်ရှိနေပုံရတယ်။ ဒါကြောင့်ပဲ နေလုံးကြီးက အမြန်ပျောက်ကွယ်သွားတာပေါ့။

သတို့သမီးတစ်ယောက်ရဲ့ ရှည်လျားတဲ့ ဂါဝန်စလိုမျိုး နေဂါဝန်စတွေကတော့ ကောင်းကင်ပေါ်မှာ ကျန်ရစ်နေဆဲပဲ။ ခပ်ပါးပါး ဇာပဝါတွေနဲ့တူတဲ့  ဆည်းဆာရောင်ခြည်က ကောင်းကင်ပေါ်မှာ ဟိုတစ်ကွက် ဒီတစ်ကွက်ထင်တယ်။ ဒီနေ့ တိမ်မထူဘူးပဲ။

ကောင်းကင်ကြီးက ရှင်းလင်းကြည်စင်နေတယ်။ တိမ်တစ်ကွက်နှစ်ကွက်ကလွဲရင် တခြားဘာကိုမှ ပြည့်ပြည့်ကျက်ကျက်မြင်မနေရပါဘူး။

လေတစ်သုတ် ဝေ့လာတဲ့အခါ ပန်းခင်းထဲကပန်းတွေအကုန် ယိမ်းနွဲ့သွားကြတယ်။ ကျောက်တောင်တွေကာထားတဲ့ ဒေသတစ်ခုမှာ ပန်းခင်းတစ်ခုရှိနေတာ ဘယ်လောက်အံ့ဩစရာကောင်းလိုက်သလဲ။

လီယွန်က သူ့အောက်က ခရမ်းရောင်ပန်းပွင့်သေးသေးတွေကို ငုံ့ကြည့်တယ်။ သူ ပန်းတွေရဲ့အလှကို စိတ်ဝင်စားပေမဲ့ ပန်းအမျိုးအစားတွေကိုတော့ မသိတာများပါတယ်။ အင်း တချို့သော သိမှုတွေဟာလည်း လိုမှမလိုအပ်ဘဲ။

တမျှော်တခေါ်လို့ပြောလို့ရလောက်တဲ့ ပန်းခင်းကြီးအဆုံးက ကျောက်ဆောင်ကိုလှမ်းကြည့်လိုက်ရင်း လီယွန့်စိတ်တွေက ငြိမ်သက်နေခဲ့တယ်။ သူက အသားဖြူဖြူ မျက်နှာသေးသေးနဲ့ ကောင်လေးတစ်ယောက်ပါပဲ။ နှုတ်ခမ်းဖူးဖူးစိုစိုတွေ သူ့မှာရှိတယ်။ အပြစ်ကင်းတဲ့ ရေသေအိုင်လို မျက်ဝန်းတွေက အမြဲတမ်း အတွေးများနေတတ်ပေမဲ့ နှစ်သက်စရာတော့ကောင်းတယ်။

လီယွန်က အိမ်ထဲကအိမ်ပြင် ထွက်ဖို့ပျင်းတတ်တဲ့ အကောင်သေးသေး ကောင်လေးတစ်ယောက်ပါပဲ။ သူ့မှာ လှပတဲ့ လက်ချောင်းရှည်တွေရှိတယ်။ အနုပညာအတွက်မွေးဖွားလာတာလို့ ပြောရလောက်အောင် ကောင်းလွန်းတဲ့ ပန်းချီစွမ်းရည်လည်း သူ့မှာရှိတယ်။

အမှန်တရားကတော့ ခါးခါးသီးသီးပါပဲ။ သူ့တစ်ဘဝလုံး ကျောင်းစာအစား ပန်းချီကိုပဲ သင်ခဲ့ရတာလေ။ သူ ဝါသနာပါတဲ့ပညာရပ်လည်းဖြစ်နေတော့ သူမှ မတော်ရင် ဘယ်သူကများ တော်နိုင်ဦးမလဲ။

OɴᴇSʜᴏᴛs Bʏ PɪᴄᴋOnde histórias criam vida. Descubra agora