There Is No Rule In Love

192 29 2
                                    

Uni

"နွေ ငါမေးချင်တာတစ်ခုရှိတယ်"

"မေးလေ ငယ် ဘာလဲ"

"သေပြီးသားလူတစ်ယောက်ကို ချစ်လို့ရလား"

"ဘာ?"

"ငယ် နင် ပြောတာက အစတည်းကချစ်တဲ့လူတွေဟာ သေပြီးရင်ဆက်ချစ်လို့ရလား၊ အဲ့လိုမေးတာမလား"

"မဟုတ်ဘူး...၊ သေပြီးသားလူကို ချစ်မိသွားလို့ရလား"

လယ်ကန်သင်းရိုးမှာထိုင်နေသည့် ကောင်မလေးနှစ်ယောက်ကြား တိတ်ဆိတ်မှုတို့ကြီးစိုးသွားသည်။ သူမတို့နှစ်ယောက်ကြား မျက်လုံးချင်းဆက်သွယ်မှုသာ ရှိလျှက် နွေ၏ ‌အေးသည်မဆိုသာသော လေတို့ကဝေ့သွားသည်။ သစ်ရွက်ဝါတွေ သူမတို့နှစ်ယောက်ပေါ်ကို ပန်းကြဲသလို အလုအယက်ကြွေ၏။ ပတ်ဝန်းကျင်လောကကြီးက လှုပ်ရှားနေပါလျှက် သူမတို့နှစ်ယောက်ကတော့ ငြိမ်သက်နေခဲ့ကြသည်။ တစ်ချို့ပုံပြင်တွေက အပိုင်း၁ ဆိုတာနဲ့ ဇာတ်သိမ်းတတ်တာမျိုးလား...။

"ဆရာမ လူနာလာတယ်"

လူနာတင်ကားအသံနဲ့အတူ သွေးတွေရဲနေသော လူတစ်ယောက်ရောက်လာသည်။ Car accidentမို့ မှုခင်းဆရာဝန်တွေမှ ကိုင်တွယ်ရမည့်ကိစ္စမျိုး။ ငယ်လည်း အရင်ဆုံးအသက်ကယ်ချင်ပေမဲ့ ခွင့်ပြုချက် ဘာညာရှုပ်ရှပ်ခတ်နေတာမို့ ဘာမှဝင်မပြောရဲ။ ဝါရင့်ဆရာဝန်ကြီးတွေနဲ့ စကားပြောဆိုအပြီးမှာတော့ ချက်ချင်းပင်လူနာကို အရေးပေါ်ခန်းထဲပို့လိုက်ရသည်။ မြင်ရသလောက်ပြောရရင် အခြေအနေသိပ်မကောင်း။ မျက်နှာမပေါ်လောက်အောင်ကို သွေးတွေရဲနေတာဖြစ်ကာ တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေနဲ့။ လူနာလာပို့တဲ့လူတွေထဲမှာလည်း ကောင်လေးရဲ့ မိဘ ဒါမှမဟုတ် အမျိုးတစ်ယောက်ယောက် ပါပုံမရ။ လိုက်လာသည့်သူတွေကလည်း သာမန်စိတ်မကောင်းတဲ့မျက်နှာမျိုးနဲ့သာ အရေးပေါ်ခန်းထဲကြည့်နေကြသည်။ ခုနှစ်နှစ်အရွယ်ကလေးမလေးတစ်ယောက်ကတော့ တရှုံ့ရှုံ့ငိုလို့။

"ဘာဖြစ်လို့လဲ မသိဘူး မမရယ်။ သနားပါတယ်"

အနားကဖြတ်သွားသည့် Nurseမကြီးအား ငယ် စပ်စုမေးမေးလိုက်မိသည်။

OɴᴇSʜᴏᴛs Bʏ PɪᴄᴋWhere stories live. Discover now