Uni
စဉ့်အိုးထဲမှ ရေကိုခပ်ချိုးလိုက်စဉ် တစ်ကိုယ်လုံး အေးစိမ့်သွားသော ခံစားချက်ကို ကောင်းကောင်းကြီး ခံစားလိုက်ရသည်။ ဆောင်းဝင်ပြီပဲ။ ဒီအချိန် ရိုးမတောင်တန်းကြီးကိုမှီ၍တည်ထားသော သူတို့ရွာကလေးမှာ ချမ်းလာအေးလာတာလည်း မဆန်း။ သို့သော်
"ဖိုးငြိမ်းတစ်ယောက် ဘာစိတ်ကူးတွေထသလဲမသိပါဘူး။ ချမ်းချမ်းစီးစီးကြီး ရေထချိုးနေရတယ်လို့"
ခပ်လှမ်းလှမ်း ခြေတံရှည်တဲလေးထဲမှ အမေ့ရေရွတ်သံကို သူကြားရသည်။ ချမ်းလွန်း၍ ခုန်ပေါက်ရေချိုးနေဆဲ သူ့နှုတ်ခမ်းတွေပြုံးနေသည်။ အမေရယ် ချစ်တဲ့သူကို သွားမတွေ့ခင် ရေမချိုးချင်တဲ့လူရှိမလားဟု သူမေးချင်သည်။ သို့သော် သူ့အူမြူးမှုက လူသိခံ၍မရ။ ညနေစောင်းကြီးဖြစ်၍ သူတို့၏ခြေတံရှည်လယ်တဲအိမ်လေးထဲ မီးအိမ်ဝါဝါလေးလင်းနေသည်။ အမေ ဒီချိန် ဘာလုပ်နေမလဲမသိ။ အဖေကတော့ ရွာထဲမှာ လုပ်စရာရှိနေ၍ ခုထိပြန်မလာသေးပါ။ သူ ရေမြန်မြန်ချိုးပြီး အိမ်ပေါ်တက်လာလိုက်သည်။ အမေက မီးအိမ်နားကပ်၍ စောင်ချုပ်နေသည်။
"အမေ မမြင်ရခါမှ ဘာလုပ်မလို့လဲ။ ထားလိုက် မနက်မှသားချုပ်လိုက်ပါ့မယ်"
"အို မဟုတ်ပါဘူး သားရယ်။ ရပါတယ်။ သတိရတုန်းလေး လုပ်ရတာ။ သား သွားစရာရှိတယ်မလား သွားသွား"
အမေက ဒီလိုပင်။ ပြီးရင် သူ ပြန်မလာမချင်း လည်တမော့မော့နှင့် စောင့်နေရော့ဦးမည်။ ရွာနဲ့ခပ်ဝေးဝေး ဒီလိုလယ်တဲအိမ်ကလေးထဲမှာ အမေ့ကို တစ်ယောက်တည်းထားခဲ့ရမှာ သူ စိတ်မချပေ။
"မသွားသေးဘူးလေ အမေ။ အဖေ့ကို စောင့်ဦးမှာပေါ့"
"မင်းအဖေ ပြန်လာနေလောက်ပါပြီ။ သား သွားတော့။ လူပျိုပေါက်တောင်ဖြစ်နေပြီ အပျိုတစ်ယောက်နဲ့မှလည်း ရည်ရည်ငံငံမရှိသေးဘူး ငါ့သား"
အမေက စောင်ထဲအပ်ထိုးရင်းမှ သဘောတကျဖြင့် တခိခိရယ်သည်။ သူ့သားကို စနောက်နေရတာ အမေ့အတွက် အမောအပြေဆုံးကိစ္စဖြစ်ပုံရသည်။ တီဗွီမရှိ၊ ပွဲလမ်းသဘင်မရှိ၊ ဟိုဟိုဒီဒီကြည့်၍ရသော စမတ်ဖုန်းတွေမရှိ။ အမေ့ဘဝမှာ သူ့သားကသာလျှင် မျက်နှာမြင် အမောပြေချင်စရာလေး ဖြစ်ပေမည်။အမေ သူ့ကို ထိုင်စနေသည်အား အစအဆုံးခံပြီးသကာလ စက်ဘီးလေးတစ်စီးနှင့်အဖေရောက်လာသည်ကိုမြင်ရသည်။ သူ့ရင်ဘတ်တွေ တဒိန်းဒိန်းခုန်လာသည်။ အိမ်ပေါ်တက်လာသည့်အဖေက ပြောသည်။
ESTÁS LEYENDO
OɴᴇSʜᴏᴛs Bʏ Pɪᴄᴋ