Lime

174 35 5
                                    

Uni

"အ"

လက်ကို ခပ်ကြမ်းကြမ်းအနင်းခံရတော့ ငါ့ခန္ဓာကိုယ်က နာတယ်လို့ ပြောလာတယ်။ ဒီမနက်ခင်းမှာ ကြည်လင်နေခဲ့တဲ့ ငါ့စိတ်အစုံက အခုလေးတင် နောက်ကျိသွားခဲ့ရပြီ။ ငါ ကိုင်ထားတဲ့ မြေဆွတူရင်းကို ချပြီး အပေါ်ကို မော့ကြည့်လိုက်တယ်။ ခပ်ပြုံးပြုံးရှိနေတဲ့ မျက်နှာတစ်ခု...။ မေးရိုးချွန်ချွန် လူပုံချောချောပေမဲ့ ငါ နှာခေါင်းရှုံ့လိုက်မိတယ်။ သူ့အနားမှာ အနက်ရောင်အငွေ့တွေသိပ်များပါကလား။ ရောဂါတက်တာစွဲနေတဲ့ လူတွေထဲက တစ်ယောက်...

"ဆောရီး တောင်းပန်တယ်နော်။ မတော်တဆနင်းမိသွားတာပါ။ လက် နာသွားသေးလား"

အဲ့ဒီလူက ငါ့လက်ကို ဆွဲမ,ရင်း ဟန်ဆောင်ပန်ဆောင်ကြည့်ပေးနေတယ်။ အင်း... ငါစိတ်အရဆိုရင် ဒီလူက တမင်နင်းလိုက်တာပဲနေမှာပါ။ ငါသူ့အနောက်မှာ ဦးကျော်ကို မြင်လိုက်ရတယ်။ ဦးကျော်က အားနာတဲ့အပြုံးလေး ပြုံးပြရှာတယ်။ ထားပါတော့။ ငါ ဒီလောက်လေးနဲ့ အရေးအရာယူပြီး ရောဂါအတက်မခံတော့ပါဘူး။

အဆင်ပြေကြောင်း ခေါင်းတစ်ချက် ဆတ်ပြပြီး ငါသက်ပြင်းချလိုက်တယ်။ ငါ့ခြေလှမ်းတွေကို ခပ်ဝေးဝေးက ရေအိုးစင်ဆီလှမ်းထောက်ရင်း အဲ့ဒီမှာ ခဏအမောဖြေဖို့ တွေးလိုက်တယ်။ လက်က တော်တော်နာသွားတာ။ ငါ ခဏနားပြီး ဆေးမလူးရင် အလုပ်ဆက်လုပ်နိုင်မယ်မထင်ဘူး။

ကောင်းကင်ကြီးက ကြည်လင်နေတာပဲ။ အဖြူနဲ့မိုးပြာရောင်က အလိုက်သားပဲလို့ ငါတွေးမိတယ်။ အကယ်၍ ငါမြင်နေရတဲ့ ရောဂါအရောင်တွေလည်း လှတပတအရောင်လေးတွေ ဖြစ်သွားရင် ဘယ်လောက်တောင် ကောင်းလိုက်လေမလဲ။ အလင်းနဲ့ အနက်ပဲ ကြည့်နေရတာ ငါမှာ ရိုးလှပြီ။

ငါ့မျက်လုံးတွေ စိုက်ခင်းဆီ ဝေ့သွားတယ်။ စိုက်ခင်းဆီမှာ အလုပ်သမားတစ်အုပ် စုစုရုံးရုံး အလုပ်လုပ်နေကြတယ်။ ငါကတော့ တစ်ယောက်တည်းပဲ။ ဒီအထဲမှာ ငါ့ကို စကားပြောတဲ့လူလည်း တစ်ယောက်မှ မရှိသလို ငါက စကားပြောတဲ့သူလည်း တစ်ယောက်မှ မရှိဘူး။ ရောဂါတွေလေ... မကူးစက်တတ်ဘူးလို့ တစ်ထစ်ချ ပြောမရတဲ့ ရောဂါပိုင်ရှင်တွေ...။ အင်း။ တကယ်တမ်းတော့လည်း အဲ့ဒီရောဂါက ငါ့မှာရှိပြီးသားပါပဲ။ ဒါပေမဲ့ ငါက ထူးခြားတယ်လေ။ ငါက သူတို့လို ရောဂါကို လက်လွတ်စပယ် ပစ်မထားတတ်ဘူး။ ငါက ငါ့ရောဂါကို ငါထိန်းတယ်။ လူတော်တော်များများ ထိန်းဖို့ စိတ်မဝင်စားတဲ့ အဲ့ဒီရောဂါကိုပေါ့။

OɴᴇSʜᴏᴛs Bʏ PɪᴄᴋWhere stories live. Discover now