Uniလေတွေတဟူးဟူးတိုက်နေသည့် တောင်ကုန်းပေါ်မှာ တဲအိမ်လေးတစ်ခုက လေဒဏ်ကိုကြံ့ကြံ့ခံရင်းတည်ရှိလို့နေသည်။ တဲအိမ်ထဲမှာ အဖွားအိုတစ်ယောက်က တင်ပျင်ခွေထိုင်နေပြီး မျက်စိကိုမှိတ်ကာ တစ်ခုခုကို အာရုံခံနေဟန်ရှိသည်။ ထိုအဖွားကြီး၏နောက်မှာတော့ နတ်ရုပ်တွေတင်ထားတဲ့စင်အပြင် ပူဇော်ခံပစ္စည်းတွေတင်ထားသည့် စင်အသေးစားလေးလည်းရှိသေးသည်။
အဖွားကြီး၏အနီးတွင်တော့ နတ်လာမေးဟန်ရှိသော မိန်းမတစ်ယောက်နှင့် ထိုမိန်းမ၏ ရှစ်နှစ်အရွယ်ခန့်ရှိသော သားလေးတစ်ယောက်က တိတ်ဆိတ်စွာ ထိုင်နေကြသည်။အဖွားကြီးက မျက်စိကို ဖြေးညှင်းစွာဖွင့်ကာ ကောင်လေးကိုကြည့်ရင်းပြုံးလိုက်သည်။
“မော်မော် နင့်သားနာမည် ဘယ်လိုခေါ်သလဲ။”
“မင်းခဇေတဲ့ အဖွား”
“ကောင်းတယ်။ ကောင်းတယ်။ နင့်သားက လူတော်လေးပဲ။ အင်း............တစ်ခုပါပဲ။ ဒီကလေး အသက်ရှည်မှာမဟုတ်ဘူး။”
“ရှင်!”
အဖွားကြီး၏ဟောကိန်းကြောင့် မော်မော်ဆိုသည့်မိန်းမမှာ ထိန့်လန့်သွားကာ သူ့သားလေးကို ကယ်ဖို့နည်းလမ်းကို တတွတ်တွတ်မေးတော့သည်။
“သားလေးကို ကယ်ပါ။အဖွားရယ်။ ဘယ်လောက်ကုန်ကုန်ပေးနိုင်ပါတယ်။”
ထိုမိန်းမသည် မျက်ရည်များပင်ကျလာကာ သူ့သားလေးကို မဆုံးရှုံးရရေးအတွက် ကြိုးစားလို့နေသည်။
“ဟဲ့ နင်ဘယ်လောက်ကုန်ကုန် နင့်သားက ဆုံးဖြတ်ချက်မှားရင်တော့ သေမှာပဲလေ။ ဒီကိစ္စက အတိတ်က သူတို့ချင်းမေတ္တာရှိပြီး ကတိပြုခဲ့ကြတဲ့ကိစ္စ။ ငါတို့ဝင်နှောက်ယှက်လို့ မတော်ဘူး။”
KAMU SEDANG MEMBACA
OɴᴇSʜᴏᴛs Bʏ Pɪᴄᴋ