My Queen

863 59 16
                                    

Uni

ကျွန်မရဲ့ရှေ့မှာ မိန်းမတစ်ယောက်ဒူးထောက်
လျှက်ရှိနေတယ်။သန်သန်မာမာယောကျ်ား
ကြီးတစ်ယောက်ကတော့ ဒူးထောက်နေတဲ့
သူမ ရဲ့လည်တိုင်ကိုဓားထက်ထက်ကြီးနဲ့ရွယ်
ထားတယ်။

ကျွန်မသာအမိန့်ပေးလိုက်တာနဲ့ကျွန်မရှေ့ကအမျိုးသမီးရဲ့လည်ပင်းဟာချက်ချင်းဆိုသ
လိုပြတ်သွားမှာပဲ။

ဒါပေမဲ့ သူမ ကတော့သေရတော့မဲ့လူတစ်
ယောက်မဟုတ်သလိုမျိုး ခပ်တည်တည်မျက်
နှာထားနဲ့ဒူးထောက်နေဆဲ.....။
ဒါပေါ့။သူမ ကသာမန်လူမှမဟုတ်တာပဲ။

သူမ က ဘုရင်မ။
ဟိုး......မှော်သစ်ပင်ကြီးရဲ့အလွန်မှာရှိတဲ့
မှော်အတတ်တွေနဲ့ဆန်းကျယ်လှတဲ့တိုင်း
ပြည်ကြီးရဲ့ဘုရင်မ။

ဒါပေမဲ့ အဲ့တော့ရော ဘာဖြစ်လဲ။
အခု သူမ က ကျွန်မရှေ့မှာဒူးထောက်နေရ
တာပဲမဟုတ်လား။
ကျွန်မလေပူတွေကိုမှုတ်ထုတ်လိုက်တယ်။
သူမ ကိုမသေစေချင်ဘူး။

သူမ ကကျွန်မကို ရက်အတော်ကြာဖမ်းချုပ်ခဲ့
တဲ့သူဖြစ်ပေမဲ့ အဲဒီရက်တွေထဲမှာ သူမ က
ကျွန်မ ကိုအကောင်းဆုံးဆက်ဆံပေးခဲ့တာ
လေ။

ပြီးတော့ကျွန်မ သိတာတစ်ခုက......
အခု သူမကိုသတ်ရင်တောင် သူမ သေချင်
စိတ်ရှိမနေရင် သူမ ကသေမှာမဟုတ်ဘူး။

"Allis လွှတ်ပေးလိုက်”

အမိန့်သံဆန်တဲ့ကျွန်မရဲ့စကားအဆုံးမှာ
လူသန်ကြီးAllisက မလွှတ်ချင်လွှတ်ချင်နဲ့
သူမ ကိုလွှတ်ပေးလိုက်ရတယ်။

"Stella နင်သူ့ကိုပြန်ပို့လိုက်စမ်းပါဟာ။
ဘယ်တော့မှဒီတိုင်းပြည်ကိုပြန်မလာစေနဲ့”

Allisရဲ့လေသံကအလွန်ဒေါသထွက်နေတဲ့
ပုံဖြစ်တာမို့ ကျွန်မအမြန်ခေါင်းညိတ်မိတယ်။

Allisဆိုတာ ကျွန်မတို့တိုင်းပြည်ရဲ့စစ်သူ
ကြီးဖြစ်တာမို့ မင်းသမီးတစ်ပါးဖြစ်တဲ့ကျွန်မ
ကအမိန့်ပေးနိုင်ပေမဲ့.....မကြာသေးတဲ့အချိန်
ကပဲ သူကကျွန်မရဲ့ကြင်ယာလောင်းဖြစ်လာ
တယ်။

ဒါကြောင့်Allisကလဲကျွန်မကိုပြန်ပြီးအမိန့်
ပေးနိုင်တယ်လေ။

OɴᴇSʜᴏᴛs Bʏ PɪᴄᴋOù les histoires vivent. Découvrez maintenant