Uni
ကားထဲသို့ အမြန်ဝင်လာသူသည် စိတ်အခြေအနေမကောင်းပုံရသည်။ ကားတံခါးကို ဆောင့်ပိတ်ကာ မျက်နှာရှစ်ခေါက်ချိုးဖြစ်၍ နေသည်။ နဂိုရုပ်ဖြောင့်သူမို့ ဒီလိုအတည်ကြီးနေလိုက်သည့်အခါ ကြောက်ဖို့ကောင်းသည့် ပုံစံဖြစ်သွားရသည်။
“မောင်း”
အေးစက်စက်လေသံက လူသတ်ချင်စိတ်ပေါက်နေပါသည်ဟု ပြောနေသည့်အလားပေမို့ ဒရိုက်ဘာကောင်လေးက အမြန်ပဲမောင်းထွက်လိုက်သည်။ သူ့သူဌေးလက်ထဲမှာ သူ မသေချင်သေးဘူး မဟုတ်လား။ သူဌေးက J.O Fashion Group ရဲ့ CEO ဖြစ်ပြီး ဒီနေရာရဖို့အတွက်လည်း အများကြီးကြိုးစားခဲ့သူဖြစ်သည်။ သူဌေးက အမြဲသပ်ရပ်နေတတ်ပြီး အလုပ်ကြိုးစားသူလည်းဖြစ်သည်။ သူ့ဘဝတွင် လက်နဲ့ထိသမျှ ရွှေဖြစ်သည်ဟု ပြောစမှတ်ပြုရလောက်အောင် သူ လုပ်သမျှအောင်မြင်သည်။ သူပြောသမျှ စကားတိုင်းအရာရောက်သည်ချည်းပင်။ ဒီလိုအရှိန်အဝါတွေကြောင့်လည်း သူဌေးကို ကြောက်နေရတာပေါ့။
နက်ခ်တိုင်ကို ဆွဲဖြုတ်ကာ စိတ်အိုက်လာပုံရသော သူဌေးကြောင့် ခပ်အေးအေးသီချင်းသံစဥ်လေးကို အလိုက်တသိဖွင့်ပေးလိုက်သည်။ ဒီလိုအလိုက်သိလို့လည်း ဒီရာထူးကလေးက မြဲနေတာမဟုတ်လား။ အလုပ်ဖိအားကြောင့်ထင်ပါသည်။ သူဌေးသည် အလွန်တော်သော်လည်း ဒေါသတော့ကြီးသည်။ သီချင်းနားထောင်လျှင်လည်း အဆိုတော်အသံမပါဘဲ တီးလုံးချည်းဖြစ်မှ နားထောင်တတ်တဲ့ လူ့ခွစာတစ်မျိုးပင်ဖြစ်သည်။
သီချင်းမှ စန္ဒရားသံလေးက နားထဲသို့ အေးမြစွာစီးဝင်လာသည်။ မျက်လုံးကို မှိတ်ကာ ထိုင်ခုံနောက်မှီကို မှီထားရင်း နားစိုက်နေမိသည်။ ဂီတက လူ့စိတ်ကို အပန်းဖြေရာတွင် အတော်လေး ထိရောက်သည့် လက်နက်တစ်မျိုး။
သံစဥ်လေးက ဝမ်းနည်းဖို့ကောင်းသည့် သံစဥ်လေးဖြစ်သည်။ နူးညံ့ညင်သာစွာ သူ့ကိုဆွဲခေါ်သွားသည်။ သူ.. ကားထဲမှနေ ပန်းခင်းဖြူကြီးထဲရောက်သွားသည်။ ထိုပန်းခင်းထဲတွင် ကောင်လေးတစ်ယောက် စန္ဒယားတီးနေသည်။ လွမ်းဆွတ်ဖွယ် သံစဥ်များနှင့်အတူ အမွှေးနံ့များပါ လွင့်ပျံလာသည်။ သူ.. ခြေထောက်ကို မ,ကာကောင်လေးဆီသွားဖို့ ပြင်လိုက်တော့ ချိုအေးကြည်လင်နေသည့် အသံလေးက ရုတ်တရက်ထွက်ပေါ်လာသည်။ ကောင်လေးက သီချင်းဆိုလိုက်သည့် ပုံပင်။
ESTÁS LEYENDO
OɴᴇSʜᴏᴛs Bʏ Pɪᴄᴋ