ဆရာမလာသေးတာမို့ ကွင်းပြင်ထဲမှာဟိုတစ်စုဒီတစ်စု
ဖြစ်နေတဲ့ကျောင်းသားကျောင်းသူတွေက
စကားတွေပြောနေကြသည်။သူရဲ့ဘေးမှာတော့ D.Oကမတ်တပ်ရပ်နေပြီး သူလိုမျိုးဘဲဟိုငေးဒီငေး။ကွင်းပြင်ထဲကိုဝေ့ဝိုက်ကြည့်နေရင်း အကြည့်တွေ
ရပ်သွားတာက အရပ်ကလန့်ကလားကြီးနဲ့
တစ်ဟားဟားရယ်နေတဲ့ Loey Parkဆိုတဲ့
တစ်ယောက်ဆီမှာ။Half-bloodမျိုးနွယ်တွေက
စိတ်ရှုပ်စရာကောင်းလိုက်တာ။ခဏခဏမျက်လုံးရှေ့ကိုရောက်နေတာ။
Parkမျိုးနွယ်က အဲ့ကောင်လေးနဲ့ Daddyကမပေါင်း
စေချင်မှန်းသိသာပါသည်။ဘာလို့လဲဆိုတော့
Half-Bloodတစ်ယောက်နဲ့ပေါင်းလည်း
ဘာအကျိုးမှ ရှိမှာမဟုတ်လို့။သူအတွက်က Loey Parkနဲ့မခင်လည်းဘာမှဖြစ်မသွား။
ဒါပေမယ့် Daddyကထိုကောင်လေးနဲ့ခင်တာကို
မကြိုက်ရင် သူကိုချစ်တာလျော့သွားလိမ့်မယ်။
ပြီတော့ အထင်ကြီးတာလျော့သွားပြီး သူ့ထက်
Ammaကိုပိုချစ်သွားလိမ့်မယ်။သူကြည့်နေတာကို ရထားပေါ်တုန်းက
အိပ်နေတဲ့ကောင်လေးက သတိထားမိပုံရသည်။
Loey Parkကိုလက်တို့ပြီး သူဘက်ကိုမေးငေါ့ပြလေ
သည်။Loey Parkကသူဘက်ကိုလှည့်ကြည့်လာတော့
တည်တည်သာပြန်ကြည့်ပေးလိုက်သည်။
အဲ့လိုပြန်ကြည့်ဖို့ အားထုတ်လိုက်ရတာကိုတော့
မပြောတော့ပါဘူး။သူပြန်ကြည့်ပေးတာကို Loeyကပြန်ပြီးတော့တောင်ပြုံး
ပြလာသေးသည်။မသိချင်ယောင်ဆောင်ပြီး ဘေးနား
လေးကD.Oကို စကားလှမ်းပြောလိုက်သည်။"D.O မင်းတံမြက်စည်းစီးတာကို ဘယ်နှစ်ကစသင်တာလဲ"
သူမေးလိုက်တော့ D.Oက သူဘက်ကိုလှည့်လာရင်းနဲ့
ဖြေလေသည်။"6နှစ်လောက်ကဖြစ်မယ်ထင်တယ်
ဘာလဲ မမှတ်မိတော့ဘူးလား မင်းနဲ့တူတူသင်တာလေ""အင်း ငါသိပ်မမှတ်မိတော့ဘူး
တံမြက်စည်း စီးရတာကလွယ်တယ်လို့ထင်ရပေမယ့်
နည်းလမ်းတွေလိုသေးတယ်လေ
မင်းပြောင်းပြီးကတည်းက ငါမစီးရတော့တာဘဲ"သူရှင်းပြတာကို D.Oကနားထောင်ပြီးတော့
သူပခုံးကိုလာဖက်လေသည်။