မနက်ခင်းကတည်းက သူကိုတွေ့တိုင်း
လှည့်ထွက်သွားနေတဲ့ကောင်လေးက ကော်ရစ်တာရဲ့
ကြမ်းပြင်ကို ငုံကြည့်ပြီးသူရှေ့မှာလျှောက်လာလေသည်။သူရှိတာကိုသိပုံမရ။သူရှေ့ရောက်ခါနီး 5လှမ်းလောက်အလိုမှ
မော့လာလေသည်။သူကိုမြင်သွားတော့ချက်ချင်းကြီး
လှည့်ပြန်ရန်လုပ်နေပြန်ပြီ။
Stop! လုံလောက်ပြီ Baekhyunne။
ဒီလောက်ရှောင်နေတာတော်ရောပေါ့။"Baekhyun ငါနဲ့စကားပြောရအောင်လေ"
လှည့်ပြေးဖို့လုပ်နေတဲ့Baekhyunရဲ့အနားကို
မြန်မြန်ပြေးသွားပြီး လက်ကောက်ဝတ်ကိုကိုင်ကာ
ပြောလိုက်သည်။ဒါပေမယ့် ထိုကောင်လေးက
ရှောင်ထွက်ဖို့ကြိုးစားနေဆဲ။"ငါ...ငါစာကြည့်တိုက်ကိုသွားမလို့
ဖယ်ပေးအုံး""Baekhyunကအခုမှ စာကြည့်တိုက်ထဲက
ထွက်လာတာမဟုတ်ဘူးလား အဲ့လောက်ကြီးအထိ
ကျက်နေစရာမလိုပါဘူး လာ"စာကြည့်တိုက်ထဲကထွက်လာပြီး သူကိုရှောင်ဖို့
စာကြည့်တိုက်ထဲကိုပြန်ဝင်ဖို့လုပ်နေတဲ့ကောင်လေးက
သူကိုရင်မဆိုင်ရဲတာသိသာစွာ။ဘယ်သူက
သူကိုအပြစ်ပြောနေလို့လဲ။ကော်ရစ်ဒါရဲ့လူရှင်းတဲ့နေရာရောက်တော့မှ
ရပ်လိုက်ပြီး အနောက်မှာပါလာတဲ့ကောင်လေးကို
စကားပြောရန်လှည့်လိုက်သည်။ကောင်လေးရဲ့
မျက်နှာမော့လာသည်အထိ စောင့်နေနဲ့တင်
တော်တော်ကြာနေပြီ။သူမပြောရင်ဒီတိုင်းရပ်နေမယ့်ပုံ။"Baekhyun Byun"
သူခေါ်လိုက်တော့ အံသြတစ်ကြီးမော့ကြည့်လာတဲ့
ကောင်လေး။ဟုတ်သားဘဲ သူတို့ခင်တဲ့တစ်
လျှောက်လုံး Baekhyunneလို့ဘဲခေါ်လာတာမို့
အံသြသွားပုံရသည်။"မင်းကမင်းDaddyပေါင်းခိုင်းလို့ ငါကိုပေါင်းတယ်
ဆိုပေမယ့်""မဟုတ်ဘူး!"
"ဟမ်"
သူပြောမယ့်စကားကိုဖြတ်ပြီးအော်လာတဲ့
Baekhyunneကြောင့်မို့ ကြောင်သွားသည်။"Daddyက ပေါင်းခိုင်းတာက တစ်ကယ်ဆိုပေမယ့်
မင်းကိုပေါင်းတာက ငါစိတ်ရင်းလည်းပါတယ်လို့"