လေယာဉ်ပေါ်ကဆင်းလိုက်တာနဲ့
စိတ်ပျက်စရာ မျက်ခွက်ကြီးကို မြင်လိုက်ရတော့
စိတ်ချမ်းသာနေတာလေးတောင် ပျောက်သွား၏။အကြောဆန့်နေတဲ့ လက်နှစ်ဖက်ကို အောက်ပြန်ချ
လိုက်ပြီးတော့ ခပ်တည်တည်ဘဲပြန်ရပ်နေလိုက်ရသည်။ကျန်တဲ့သူတွေကလည်း အောက်မှာ ရပ်စောင့်နေတဲ့ လူတစ်သိုက်ကိုမြင်လိုက်တော့မျက်နှာပျက်သွားကြသည်။သူတို့ Dubaiသွားမယ်ဆိုတာကို ဘယ်လိုများသိသွားကြတာတုန်းဟ။"Welcome to Dubai,My friends
Oh! စီနီယာ Min Seokလည်းပါလာတာဘဲ"အသံခပ်သြသြနဲ့ပြောလာတဲ့ Vam Smith။
သူတို့ကျောင်းရဲ့ စိတ်ပျက်စရာအကောင်းဆုံးကောင်။
သူတို့နဲ့တစ်နှစ်ထဲသမား။အစဉ်အဆက်ထိန်းသိမ်းထားတဲ့Slytherinရဲ့ဂုဏ်သတင်းကို သူဘဲဖျက်တာ။နှောက်ဆုံးနှစ်မှာ သူရန်စလို့ ကိုယ်က
သူနဲ့ရန်ဖြစ်ရသေးတာ။ကိစ္စကတော့ Min Seok Hyungကို ပါးစပ်သရမ်းပြီးပြောလို့ Se Hunနဲ့
ငြိတာဖြစ်ပြီးတော့ အဖွဲ့လိုက်ရန်ဖြစ်တာဖြစ်သည်။အခုလည်း Min Seok Hyungကို ကြည့်ပြီး
လူယုတ်မာရုပ်နဲ့ ပြုံးနေသေးပြန်သည်။
Oh Se Hunကတော့ မျက်နှာတည်တင်းလို့။
အကုန်လုံးကတော့ Min Seok Hyungကို ကွယ်ရပ်နေတာဖြစ်သည်။ဒါပေမယ့် အကုန်လုံးက ဘာတစ်ခွန်းမှမပြော။
Suitဝတ်ထားတဲ့လူကြီးသုံးယောက်နဲ့ Junပါရပ်နေလို့ တစ်ခုခုစပြောလိုက်ရင် သူတို့အလွန်ဖြစ်သွားမှာမလား။Shit!!!!! စိတ်ပျက်စရာကောင်းလိုက်တာ။
ပိတ်ရက်လေးရလို့ကို နားရမလားမှတ်တယ်။"Mrတို့ ကျွန်တော်တို့နောက်လိုက်ခဲ့ပါ
Mr.Zhangကတွေ့ဖို့ခေါ်ခိုင်းလိုက်တာပါ"Suitအနက်ရောင်နဲ့ လူကြီးကပြောလာတော့
တစ်ဖွဲ့လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
လိုက်သည်။Mr.Zhangက Jun ရဲ့အဖေလား?
ဘာလို့ငါတို့ကိုတွေ့ချင်တာလဲ?ပြီးတော့ Vam Smithက Junနဲ့တူတူရှိနေတာလဲ?ခေါင်းထဲမှာ Question markပေါင်းများစွာနဲ့။
"Jun ဘာကိစ္စရှိလို့တဲ့လဲ"
အကြီးဆုံးဖြစ်တဲ့ Min Seok Hyungက သူတို့ကွယ်ရပ်ထားတဲ့ကြားထဲကနေ အောက်ကိုဆင်းသွားပြီး
Junကိုသွားမေးလေသည်။