မှောင်မဲနေတဲ့အိပ်ခန်းလေးထဲမှာ
လဲကျနေတဲ့ကောင်မလေးတစ်ယောက်။
ပြူတင်းပေါက်ကနေပြန်ထွက်သွားတဲ့
အမဲရောင်အရိပ်ကြီးက သူရဲ့ဒေါသကိုချေဖျက်ပြီးပြီမို့
ရွှင်မြူးစွာပြန်ထွက်သွားလေသည်။နှစ်တွေကြာခဲ့ပြီမလား။သူတို့နောက်ဆုံးတော့
လက်စားချေဖို့တောင် စတင်နိုင်ခဲ့ပြီလေ။
သစ္စာဖောက်လိုက်လို့ပြန်ရလာတဲ့ လက်စားချေမှုကို
ကျေကျေနပ်နပ်ကြီးလက်ခံရမည်။တစ်လောကလုံးမှာရှိ
တဲ့ Pure-Bloodတွေအကုန်သေရမည်။ဒါမှ သူတို့ရဲ့
သေဆုံးသွားခဲ့တဲ့အကြီးအကဲတွေအတွက်
လက်စားချေပေးရာရောက်လိမ့်မယ်။"Yoonလေးရေ သမီးရေ
အား!!!!!!! ယောင်္ကျားရေလာပါအုံး
သမီးလေးက ဘာဖြစ်တာလဲမသိဘူး!!"Mrs.Weasleyကြောင့် တစ်အိမ်လုံးကလူတွေက
Yoonရဲ့အခန်းထဲကိုလျှင်မြန်စွာရောက်လာလေသည်။
Weasleyမိသားစုထံကို ရောက်လာပြန်ပြီ။
Pure-Bloodတွေကို လိုက်ပြီးချိန်းခြောက်နေတဲ့
90တွေက Weasleyမျိုးနွယ်ရဲ့အငယ်ဆုံးသမီး
လေးကို သတ်လိုက်လေပြီ။ပထမဆုံးသတ်ဖို့ကြိုးစားခဲ့တာ Yoon Weasleyမဟုတ်။
အရှေ့ကနှစ်ယောက်က ကံကောင်းပြီးလွတ်သွားခဲ့ရုံ။
အကုန်လုံးကို သတ်ဖြတ်ပြစ်ဖို့အတွက်
90တွေကဆုံးဖြတ်ပြီးသား။မနက်ခင်းရောက်တာနဲ့ Pure-Bloodတွေက
Weasleyအိမ်ရဲ့သတင်းကိုကြားတာကြောင့်
အကုန်ထိတ်လန့်ကုန်ကြသည်။သူတို့လွတ်လမ်း
မရှိတော့ဟုလည်း စိတ်ထဲမှာထင်နေကြသည်။
နှိမ်နင်းဖို့magical wordမရှိ....
အဝေးကိုလွင့်ထွက်စေဖို့သာရှိသည်။Magical universeရဲ့ ဝန်ကြီးချုပ်ကတော့
ခေါင်းကြီးလေပြီ။ဘာအရည်အချင်းမှမရှိဘဲနဲ့
ဝန်ကြီးချုပ်ဖြစ်လာတဲ့ Roman Rayဟာဆိုရင်
အခုချိန်မှာ ဘာဖြေရှင်းချက်မှမပေးနိုင်ဘဲ အိမ်တွင်း
ပုန်းနေရလေသည်။Pure-Bloodဖြစ်ပြီး အာနည်းတဲ့ Omegaတွေကတော့
လုံးဝကို အကာအကွယ်အပြည့်အစုံနဲ့နေထိုင်ကြသည်။
ဒါပေမယ့် တစ်ချို့သောOmegaတွေကတော့
လုပ်စရာရှိတာသာ ဆက်လုပ်နေကြပြီးတော့.....
ဘာကိုမှ စောက်ဂရုစိုက်မနေ။လာလျှင်လည်း
ပြန်ပြီးတိုက်ခိုက်မည်။