အောက်ထပ်ကိုဆင်းလာတော့
အကုန်လုံးက မနက်စာစားနေကြသည်။"နိုးပြီလား
လာလေ Baby Baek"အကိုMin Seokက သူနားကထိုင်ခုံကိုပုတ်ပြတော့
ဝင်ထိုင်လိုက်သည်။အကုန်လုံးက စားစရာရှိတာ
ငုံမစားကြဘဲနဲ့ သူကိုဝိုင်းကြည့်နေကြ၏။"Baekhyunne မင်းမနေ့ညကတွေ့တဲ့ဟာက
ဘာကြီးလဲ ငါတို့လက်တွေ့လေ့လာရေးဆင်းတုန်းက
တောင် မင်းကြောက်တဲ့အကောင်သိပ်မရှိတာကို"Chanyeollieက နွားနို့ခွက်ကို သူရှေ့ချပေးရင်းနဲ့
ပြောလာသည်။အသံကလည်းစိတ်ပူနေဟန်။ဟုတ်သည်လေ။သူက Professor Flonaအချိန်
လက်တွေ့လေ့ကျင့်ခန်းတွေမှာဆိုရင်
အမှတ်အများဆုံးရတဲ့ကျောင်းသားလေ။
ဘယ်လောက်ကြောက်စရာကောင်းတဲ့သတ္တဝါမဆို
သူနှိမ်နင်းနိုင်ခဲ့သည်။ထိုသတ္တဝါကို မနှိမ်နင်းနိုင်ခဲ့တာက
Wandမပါလို့မဟုတ်။ပါရင်တောင်မှ သူဘာမှလုပ်နိုင်
မည်မဟုတ်။အဲ့သတ္တဝါက အရမ်းကြောက်ဖို့ကောင်း
တယ်။ပြီးတော့ အဲ့သတ္တဝါအကြောင်းကိုတစ်ခါ
ဘဲဖတ်ဖူးသည်။အဲ့ဒါကလည်း အတိအကျရေးသား
ထားခြင်းမဟုတ်ပေ။အပေါ်ယံသာ ရေးထားခြင်းဖြစ်သည်။
သူတို့ကိုနှိမ်နင်းနိုင်တဲ့ Magic wordလည်းမရှိ။
ဒီတိုင်းမကောင်းဆိုးဝါးအစောင့်အရှောက်တွေကို
နှိမ်နင်းတဲ့spellကိုသာအသုံးပြုပြီး နှင်ထုတ်နိုင်
၏။အပြီးအပိုင် မနှိမ်နင်းနိုင်ချေ။"ငါလည်း သေချာမသိဘူး
မကောင်းဆိုးဝါးအစောင့်အရှောက်လိုမျိုးပုံစံနဲ့တူတယ်""90"
သတင်းစာဖတ်နေတဲ့Mr Kimက
သူစကားရဲ့အဆုံးမှာ ဝင်ပြောသည်။"အဲ့ဒါတွေက ပျောက်ကွယ်သွားပြီမဟုတ်ဘူးလား"
လွန်ခဲ့တဲ့နှစ်တွေ သူတို့တောင်လူလောကထဲကို
မရောက်သေးတဲ့အချိန်တွေတုန်းက
Virusတစ်မျိုး ပြန့်နှံ့ခဲ့သည်။အဲ့ဒီဟာက စစချင်းဖြစ်တဲ့လူတွေက
နေမကောင်းရုံ အားနည်းရုံလောက်ဘဲဆိုပေမယ့်
ဆေးကုသဖို့ ဆေးမရှိတာကြောင့် နောက်ပိုင်းမှာ အသိစိတ်မရှိတော့ဘဲ ရှင်လျက်နဲ့ သေတဲ့လူတွေလို
ဖြစ်ကုန်သည်။
