"နင်တို့တွေ ရွေးလို့မပြီးနိုင်တော့ဘူးလား
ငါတောင်ပြီးနေပြီ"ဆိုဖာပေါ်ကနေ လှမ်းအော်ပြောလိုက်ပေမယ့်
ဘယ်သူကမှ သူမစကားကိုနားမထောင်နေကြပါဘူး။အင်အားလျော့စွာ ပြန်လှဲချလိုက်ရင်းနဲ့
ဟိုကြည့်ဒီကြည့်သာလုပ်နေရတော့သည်။
မနက်ကတော်တော်လေးကမြင်းတာမို့
ညောင်းကိုက်နေပြီလေ။အသက်အရွယ်လေးကရလာ
တော့ စိတ်သွားတိုင်းကိုယ်မပါတော့ဘူး။မကြားဖူးတဲ့အရာတွေက သူတို့စုံရင်ဖြစ်နိုင်တယ်။
တစ်ကယ်ဆိုရင် မိန်းကလေးက အင်္ကျီရွေးနေလို့
ယောင်္ကျားလေးတွေက ထိုင်စောင့်ပေးနေရမှာ။
ဒါပေမယ့် သူမအင်္ကျီရွေးပြီးလို့ အလှပါတစ်ခါတည်း
တန်းပြင်ထားတာကိုမှ အင်္ကျီရွေးလို့မပြီးကြသေးတဲ့
ယောင်္ကျားလေးခုနှစ်ယောက်။Mr Zhangကအရေးပေါ်အလုပ်ကိစ္စရှိလို့ခဏပြန်သွား
ပေမယ့် D.Oမှာတော့ သူတာဝန်ကျတဲ့နေရာကို
ပြန်သွားရပြီ။ခွင့်ရက်က အများကြီးမရပေမယ့်
လျှောက်လည်ဖို့ လုံလောက်တဲ့အချိန်ပမာဏကို
ရခဲ့တာ။ဒါပေမယ့် D.Oက Junရှာတွေ့ထားတဲ့
ဆေးရည်တွေနဲ့ပေါင်းပြီးအသုံးချသင့်တဲ့
Magical Wordကို ရှာဖို့ ပြန်သွားရသည်။D.Oတို့ဌာနက လူအရမ်းနည်းတာကြောင့်မို့လို့
တစ်ခုခုဆိုရင် အကုန်လုံးက ဘာဖြစ်နေနေ
ဌာနကိုပြန်ပြီး တာဝန်ထမ်းဆောင်ရသည်။
ဝါသနာပါတဲ့ဟာဆိုပြီး တားနေတဲ့ကြားကနေ
အလုပ်ဝင်လိုက်တဲ့ D.Oရေခံပေအုံးဟ။Suitတွေအကုန်လုံးက ပုံစံလည်းသိပ်မကွာဘဲနဲ့
အရမ်းရွေးနေကြတာ။ဘာပြောရမှန်းတောင်မသိ။
သူအင်္ကျီရွေးတုန်းကဆိုရင် အင်္ကျီတန်းလေးတွေဘက်
ကိုလျှောက်သွား သဘောကျတဲ့dressသုံးလေးထည်
လောက်မလာ အင်္ကျီလဲခန်းထဲဝင်ပြီးဝတ်ကြည့်လိုက်တာ။အဲ့ထဲကနေ အဆင်ပြေတဲ့ဟာကို
ရွေးလိုက်တာဘဲလေ။