ကြည့်ရတာ Dubaiခရီးစဉ်က အနှောက်အယှက်တွေရှိတာဘဲ

0 0 0
                                    

ရင်ခွင်ထဲကို လှုပ်စိလှုပ်စိနဲ့တိုးဝင်နေတာကြောင့်မို့ဖွင့်မရတဲ့ မျက်လုံးတွေကို အားတင်းပြီးဖွင့်လိုက်ရသည်။ငုံကြည့်လိုက်တော့ Baekhyunne။

ဟုတ်သားဘဲ မနေ့ညကPhromoneတွေကြောင့်မို့
သူစိတ်လွတ်သွားတာ။ဒါပေမယ့် အမှတ်အသားမပေးလိုက်မိတာနာတယ်။အဲ့လိုဆိုရင် ရူးချင်ယောင်ဆောင်
ပြီး Baekhyunneကိုတာဝန်ယူပေးလိုက်ရင်ရတယ်။
Baekhyunneကလည်း အမှတ်အသားဖျောက်ချင်လို့
သူကိုတော့မသတ်တာသေချာတာကြောင့်မို့လို့
သေချာပေါက် သူနဲ့လက်ထပ်ရမှာကို။

အေး။ အဲ့မှာ လူကြီးလူကောင်းလုပ်နေလိုက်။

ဆောင်းတွင်းကိုရောက်တော့မှာမို့ အအေးပိုနေပြီကို
Air-conကဖွင့်ထားတာမို့ အအေးဒဏ်မခံနိုင်တဲ့
Baekhyunneက လူကိုအတင်းဖက်တွယ်ပြီးတော့
အိပ်နေသည်။

စိတ်ချလက်ချ အိပ်နေလိုက်တာများ။
သူဖက်အိပ်နေတဲ့လူက မနေ့ညကမှသူကို
အပိုင်သိမ်းမလိုဖြစ်သွားတာကို မသိဘူးလားဘဲ။

ရင်ခွင်ထဲကအသာလေးထုတ်လိုက်တော့ လူးလွန့်ပြီး
မျက်နှာလေးကရှုံမဲ့သွားတာများ ကလေးပေါက်စလေး
အတိုင်း။Air-conကိုပိတ်လိုက်ပြီးတော့
စောင်သေချာခြုံပေးလိုက်သည်။ဒါတောင် မျက်နှာလေးက မဲ့နေတုန်း။

"ကျွတ်ကျွတ် အိပ်အိပ်Baekhyunne"

မနေ့ညက သူယူထားတဲ့အခန်းကိုတောင် မရောက်လိုက်ဘဲနဲ့ Baekhyunneနောက်ကိုလိုက်လာတာကြောင့်မို့လို့ အင်္ကျီအိတ်တွေလည်းပါလာသည်။
တစ်နေကုန် ခရီးသွားထားတာကို ရေမချိုးလိုက်ရတာမို့လို့တစ်ခါတည်းချိုးလိုက်သည်။

အပြင်ကိုထွက်လာတော့လည်းမနိုးသေးဘူး။
အင်္ကျီအိတ်ထဲက လွတ်လွတ်လပ်လပ်ဝတ်လို့ရမယ့်
အဝတ်တစ်စုံထုတ်လိုက်ပြီး ခါးမှာပတ်ထားတဲ့
တပတ်ကို အင်္ကျီနဲ့လဲဝတ်လိုက်သည်။

"အင်း...."

အိပ်နေရင်းထွက်လာတတ်တဲ့အသံလေးကြောင့်
Baekhyunneမကြာခင်နိုးလာတော့မှာကို
သိလိုက်သည်။ဝတ်လက်စ အဝတ်တွေကိုမြန်မြန်ဝတ်လိုက်ပြီး အနားလေးကိုသွားကာ
မွေ့ယာပေါ်ကိုထိုင်လိုက်၏။နိုးလာလို့မရှိရင် နမ်းထားတဲ့အကြောင်းအရင်းနဲ့​ပေါင်းပြီး ကောက်တော့မှာ။

Like MagicWhere stories live. Discover now