"ဒါနဲ့ Vam Smithကဘယ်လိုလုပ် Zhangအိမ်တော်နဲ့
ပတ်သတ်နေတာလဲမသိဘူး Junနားလေးအထိရောက်
နေတော့ Zhangအိမ်တော်မှာ တော်တော်အရေးပါ
လောက်တယ်"သူဒီလိုပြောလိုက်တာလည်းအကြောင်းရှိလို့။
Junရဲ့ Daddyဆိုတဲ့လူကြီးကို တစ်ခါမှမမြင်ဖူးဘူးဆို
ပေမယ့် ကျောင်းတုန်းကJunဆီကို ခဏခဏလာတဲ့
ပစ္စည်းတွေ မုန့်တွေ စာတွေကအစသူတို့သိသည်။ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ လုံးဝအသိသာကြီး။
နေတိုင်း စာပို့သည်။နေတိုင်းမပို့ဖြစ်ရင်တောင်
အလွန်ဆုံးမပို့တဲ့ကြာချိန်ကတစ်ပတ်။ဒီလောက်ကြီးအထိ ချစ်တတ်တဲ့ Mr.Zhangက
Junအနားလေးမှာ နှာဘူးကောင်ကိုထားထားတာတဲ့လား။ဒီလောက်အာဏာကြီးတဲ့Mr Zhangက
အဲ့ခွေးအကြောင်းမသိတာတော့မဖြစ်နိုင်တာမို့
ဘာအကြောင်းပြချက်နဲ့ ထားထားမှန်းမသိ။"Vamက Mr Zhangရဲ့တူလေ
Mr Zhangအကိုကမွေးထားတဲ့သား""အော်"
Min Seokက Chanyeolရဲ့ဘယ်သူကမှ အဖြေမပေးတဲ့အမေးကိုကြားထဲကဝင်ဖြေပေးလိုက်တော့
Se Hunက မျက်မှောက်ကြုံ ပြီးကြည့်လေသည်။စားရင်းသောက်ရင်းနဲ့ ခွေးအကြောင်းပါလာတော့
Se Hunကစားလက်စတွေကို ပစ်ချပြီးသူကိုဆဲ၏။"Shit!!! Loey Park
စားနေရင်းနဲ့ အဲ့အကောင်အကြောင်းမပြောလို့
မရဘူးလား စားချင်စိတ်တောင်ပျောက်တယ်
ပြီးတော့ ကိုကိုက အဲ့အကောင်အကြောင်းဘယ်လိုသိတာလဲ အသင်းလည်းမတူဘဲနဲ့"တစ်ကယ်ကြီး စားချင်စိတ်ပျောက်သွားပုံရတဲ့
Se Hunကစားစရာတွေကို လက်နဲ့တောင်ထပ်ပြီး
မတို့တော့။Se Hunက ရှာလကာရည်အိုးကြီးမို့
သူ့ကိုကို ကိုကပ်တဲ့လူမှန်သမျှမတည့်ပါဘူး။Alphaတွေကအစ Betaတွေအဆုံး ကုန်ကုန်ပြောရရင် Baekhyunneလို Omegaလေးအထိ။"သူငယ်ချင်းတွေဆီကကြားတာပါ
Sehunnie ညစာကိုကုန်အောင်စားလေ
ဗိုက်မဝရင် ညကျဗိုက်ဆာလိမ့်မယ် လိမ္မာတယ်နော်"Roseမှာ အရှေ့ကနှစ်ယောက်ကိုကြည့်ပြီး
စိတ်ပိန်လာသည်။Kim Min Seokတို့များ
သူ့ကိုစားချင်လို့အမြဲချောင်းနေတဲ့ ကျားကို အခုထိ
ကြက်ပေါက်လေးလို့များထင်နေတာလားမသိ။
ချော့မော့ပြီး ထမင်းကျွေးနေသည်။