နွေရာသီရဲ့တစ်ဖြူးဖြူးတိုက်နေတဲ့လေတွေက
ကားမှန်ဖွင့်ထားတာမို့ Maskတက်ထားတဲ့
မျက်နှာဖြူဖြူလေးထက်ပေါ်သို့တိုးဝေ့လျက်။
မျက်လုံးမှိတ်ကာ ပြူတင်းပေါက်ရဲ့ဘောင်လေးပေါ်ကို
မှီထားတာကြောင့် တိမ်တွေကြားထဲက
နေရောင်စူးစူးက မျက်နှာလေးပေါ်ကို
ကျရောက်နေသည်။"Baby Baek အဲ့ဒီကိုကြည့်လိုက်
အဆောင်အဦးကြီးကမိုက်တယ်"ဘေးနားလေးမှာထိုင်နေတဲ့Ammaက
သူ့ရဲ့ပခုံးကိုအသာတို့ပြီးပြောလာတာမို့
မှီနေရာမှာ သေချာမတ်ထိုင်လိုက်ပြီး
ညွှန်ပြတဲ့ ဘက်ကိုကြည်လိုက်သည်။အဆောက်အဦးမြင့်မြင့်ကိုမှ တော်ဝင်ဆန်စွာ
ဆောက်လုပ်ထားတဲ့အဆောက်အဦးကြီးက
ထည်ဝါစွာ။ရှေးဟောင်းအဆောက်အဦးပုံစံကိုမှ
လူတော်တော်များများလာလည်ပတ်လေ့ရှိပုံ။
ပိတ်ရက်မို့ လာလည်ပတ်တဲ့လူတွေအများကြီးနဲ့
စည်ကားနေသည်။"Daddyရေ အလုပ်ကိစ္စပြီးရင်
Ammaတို့ကိုအဲ့ဒီနေရာကိုလိုက်ပို့ပေးပါအုံး
ဓာတ်ဖမ်းလို့တော်တော်ကောင်းတဲ့နေရာ မိုက်တယ်"Ammaက ကားမောင်းနေတဲ့Daddyရဲ့
ထိုင်ခုံကိုမျက်နှာမှီပြီး ချွဲကာပြောနေလေသည်။
လက်မတစ်ထောင်ထောင်နဲ့ ဓာတ်ပုံရိုက်ရတာကြိုက်
သည့်အမတော်က တော်တော်သွားချင်နေပုံ။"ဟုတ်ပြီ Daddyအလုပ်ပြီးသွားရင်
လိုက်ပို့မယ်ဟုတ်ပြီလား"Daddyရဲ့စကားကြောင့် Ammaကခေါင်းကိုအဆက်
မပြတ်ငြိမ့်လိုက်ပြီး ခန္ဓာကိုယ်ကိုဟိုဘက်ဒီဘက်တောင်
ယမ်းနေလေသည်။"Darling!
Ohအိမ်တော်ကမရောက်သေးဘူးလား
တော်တော်လေးမူးနေပြီ"တစ်လမ်းလုံးတိတ်တဆိတ်ငြိမ်ပြီးလိုက်ခဲ့တဲ့
Mommyက ခေါင်းကိုအသာကိုင်ကာမေးလာသည်။
Mommyက ကားတို့ရထားတို့သင်္ဘောဆိုရင်မရဘူး။
အရမ်းမူးတတ်တာ။အစက ဒီတိုင်းမှော်ပညာသုံးပြီးတော့
သွားလိုက်မလို့ဘဲ။ဒါပေမယ့် ကောင်စီက
ဒီနေ့မနက်မှယာယီချမှတ်လိုက်တဲ့အမိန့်ကြောင့်မို့လို့
ပုံမှန်လူတွေလိုဘဲကားနဲ့လာလိုက်ရခြင်းဖြစ်သည်။
သူတို့ကားသွားရာလမ်းဘေးတစ်လျှောက်လုံး
သစ်ပင်တွေကအစီအရီ။ပြီးတော့ တံတားတစ်စင်းကို
ဖြတ်တော့လဲ ကြည်သန့်နေတဲ့ရေတွေ။
သူတွေးလိုက်တာက ဒီဒေသသည်တော်တော်
သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းတာဖြစ်သည်ဟု။